036: ဉီးထုပ် ကို ထိန်းချုပ်လို့မရတော့ဘူး

2.6K 328 13
                                        

Unicode

ဟုန်တုန်ယွမ် နဲ့ ဆွေးနွေးမှုဖိုရမ်ကို ဖတ်ပြီးနောက် ဟဲကျင့် သည် ဟိုလိုဂရပ်ဖစ် ဦးထုပ်၏လုပ်ငန်းဆောင်ရွက် ပုံတွေအကြောင်းနဲ့ ဆင်တူတာတွေ အကြောင်း ကို အင်တာနက်ပေါ်ရှိ အချက်အလက်အချို့ရှာကြည့်ခဲ့သည်။

Demon God သည် ကမ္ဘာ့ပထမဆုံး ဟိုလိုဂရပ်ဖစ် ဂိမ်း မဟုတ်ချေ။ ဒီမတိုင်ခင်က နိုင်ငံခြားတိုင်းပြည်များမှ Beast Soul နဲ့ Magic Tower တို့ဟာ ဟိုလိုဂရပ်ဖစ်ဂိမ်းရဲ့ စံနမူနာနှစ်ခုအဖြစ် ထွက်ရှိထားပြီးသားပင်။ သို့သော်လည်း ၎င်းတို့၏ လုပ်ဆောင်ချက်သည် "ဦးထုပ်" မဟုတ်ဘဲ "ဟိုလိုဂရပ်ဖစ် ဖန်ပေါင်းချောင်" ကို အသုံးပြုခြင်း ဖြစ်သည်။ ဟိုလိုဂရပ်ဖစ် ဖန်ပေါင်းချောင် သည် ကစားသမားများအား ဂိမ်းလောကတစ်ခုလုံးသို့ဝင်ရောက်ရန် ၎င်းတို့၏ခန္ဓာကိုယ်တစ်ခုလုံးကို ဆေးတောင့်ပုံစံ ဂိမ်းအခန်းငယ် ထဲတွင်လှဲနေရန် လိုအပ်သည်။

[T/N avatar ကားကြည့်ဖူးရင်တော့ သိပါလိမ့်မယ် မင်းသားက ဖန်ပေါင်းချောင်ထဲမှာ လှဲနေပြီး တခြားကမ္ဘာကို ဝင်သွားတဲ့ပုံစံမျိုးပါ]

သို့သော် ဟိုလိုဂရပ်ဖစ် ဖန်ပေါင်းချောင် များ၏ထုတ်လုပ်မှုကုန်ကျစရိတ်သည် "ဉီးထုပ်" ထက်အဆပေါင်းများစွာမြင့်မားသောကြောင့်၎င်းတို့ကိုအနည်းငယ်သာထုတ်လုပ်နိုင်သည်။ လူတိုင်းရရှိနိုင်ရန် မူ ခက်ခဲ လေသည်။ ထို့ကြောင့် ဟိုလိုဂရပ်ဖစ် ဂိမ်းများသည် ယခင်က ရှိနှင့်ပြီးသားဖြစ်သော်လည်း ၎င်းကို ကစားရန် အခွင့်အရေးရှိသည့် ပြည်တွင်းကစားသမား အနည်းငယ်သာ ရှိသေးသည်။

သို့သော် ဟိုလိုဂရပ်ဖစ် ဦးထုပ်၏လည်ပတ်မှုနိယာမနှင့်ဟိုလိုဂရပ်ဖစ် ဖန်ပေါင်းချောင် သည်ဆင်တူသင့်သည်။ Demon God ရဲ့ ဉီးထုပ် ပြုလုပ်ခြင်းကိုလည်း ထုတ်လုပ်မှု၊ ရိုးရှင်းမှုနှင့် မြှင့်တင်မှုတို့ကို အခြေခံအဖြစ် အသုံးပြု၍ နိုင်ငံခြားနည်းပညာမှ အတိုင်းအတာတစ်ခုအထိ သင်ယူခဲ့သည်။

ထို့ကြောင့်ဟဲကျင့် သည် "ဟိုလိုဂရပ်ဖစ် ဖန်ပေါင်းချောင်" နှင့် အတွေ့အကြုံရှိသည့် ကစားသမားများထံမှ တုံ့ပြန်ချက်များကို ရှာဖွေနေလိုက်သည်။ ရှာဖွေမှုရလဒ်အများစုသည် နိုင်ငံခြားဝက်ဘ်ဆိုက်များမှဖြစ်သည်။ အင်္ဂလိပ်စာ ပို့စ်တွေ အများကြီးရှိပေမယ့် သူ့အင်္ဂလိပ်က မညံ့တဲ့အတွက် နားလည်ဖို့ မခက်နေပါပေ။

မင်းအွန်လိုင်းဖြစ်မယ့်အချိန်ကို စောင့်နေတယ်(ဘာသာပြန်)Where stories live. Discover now