100:လွတ်မြောက်ရန်မရှိ

2.1K 310 16
                                        

Unicode

သူတို့ထွက်သွားတဲ့အချိန်မှာ နှင်းတွေကျနေတာကိုတွေ့လိုက်တော့ အံ့သဩသွားသည်။ ချင်ယွီက "သေစမ်း" လို့အော်ကာဖြင့် ဟဲကျင့်ကိုဆွဲကားပါကင်ဆီပြေးတော့တယ်။နှင်းတွေကထူထပ်စွာကျနေပြီး မိနစ်အနည်းငယ်အတွင်းမှာပဲ မြေပြင်တစ်ခုလုံး အဖြူရောင်ဖြစ်သွားတော့သည်။ ဒီထက်ပိုပြီး စောင့်နေရင် ကားမောင်းရ ခက်လိမ့်မယ်။

"စောစောကသာသိရင် ငါမလာပါဘူး အခုလောက်ဆိုငါတို့အိမ်တောင်ရောက်နေလောက်ပြီ!" ချင်ယွီ က စောဒကတက်လိုက်သည်။

KTV အခန်းထဲမှာ ဖြစ်ပျက်ခဲ့တာတွေကဟဲကျင့် စိတ်ထဲမှာ တဝဲလည်လည် ဖြစ်နေတုန်းပဲ - လှပတဲ့ မိန်းကလေးက ချင်ယွီကို လူတိုင်းရှေ့မှာ သဘောကျတယ်လို့ ပြောခဲ့ပေမယ့်သူတို့တွေကမထူးဆန်းသလိုနဲ့အေးဆေးပဲ။ သူအဲဒီမှာရပ်နေတဲ့အချိန်တုန်းက သူတို့ထဲကတစ်ယောက်ပြောတာကိုကြားလိုက်ရပါသေးတယ်။

"Valentine's Day မှာနှစ်တိုင်းဒီလိုဖြစ်နေတာပဲ"

ဟုတ်မှာပေါ့ ချင်ယွီက ဒီလိုကိစ္စတွေခဏခဏကြုံနေရလို့ ဖြုံတောင်မဖြုံတော့တဲ့ပုံပဲ မိန်းကလေးကို ငြင်းလိုက်တဲ့ပုံတောင်မှ အရမ်းတွေ professional ဆန်လွန်းနေတာလေ....

ကောင်မလေးသာ လိုချင်ခဲ့ရင် မင်းကိုပထမဆုံး
စဉ်းစားပေးမယ်?

ဒါကို သူလူဘယ်နှစ်ယောက်လောက်ကိုပြောဖူးတာလဲ?

တကယ်လို့ သူသာချင်ယွီကိုငြင်းလိုက်ရင်သူတ
ကယ်ကြီးကောင်မလေးရှာမှာလား?

ဟဲကျင့်ကချဉ်တူးသွားရပြီး သူဘာကိုစိတ်ဆိုးလို့ဆိုးနေမှန်းတောင်မသိတော့ပါဘူးနော်

နှင်းတွေပိုကျလာတာနဲ့အမျှ ချင်ယွီ က ပိုပြီးဂရုတစိုက်မောင်းလာခဲ့တယ်။ဟဲကျင့် သမ်းဝေနေတာကို မြင်သောအခါအကြံပေးလာလေသည်။

"ပင်ပန်းနေတာလား? ခဏလောက် အိပ်လိုက်လေ ငါတို့ရောက်ရင် နှိုးမယ်"

ဟဲကျင့်တကယ်ကြီးပင်ပန်းနေပြီပင်။ တစ်ညလုံး မအိပ်ခဲ့ရသည့်အပြင် တစ်နေကုန်လဲအလုပ်လုပ်နေရသေးသည်။သူက "အမ်း" လို့ ပြန်ဖြေပြီးနောက် တဖြည်းဖြည်း အသိစိတ်လျော့ရဲသွားခဲ့တော့၏။

မင်းအွန်လိုင်းဖြစ်မယ့်အချိန်ကို စောင့်နေတယ်(ဘာသာပြန်)Where stories live. Discover now