147:တကယ်ကြီးကောင်မလေးမရှိဘူးလား

1.1K 160 1
                                    

Unicode

သူ့ကိုယ်သူ သန်မာသူတစ်ယောက်လို့ အမြဲထင်မြင်ခဲ့တဲ့ ဟဲကျင့်ဟာ ယောကျ်ားလေးတစ်ယောက်အတွက်နဲ့မိန်းကလေးလိုမျိုးထပ်ခါထပ်ခါငိုကြွေးနေရလိမ့်ရမယ်လို့ဘယ်တုန်းကမှမမျှော်လင့်ထားခဲ့ပါချေ။

နှုတ်ခမ်းကိုကိုက်၍ စောင်အတွင်းမှာသူ့ကိုယ်သူကွေးနေသည်မှာ သုံးနှစ်ကျော်လောက် ဆေးဖြတ်ခဲ့တဲ့သူတစ်ယောက်လိုပင် အခုတော့ဆေးပြန်စွဲနေသလိုမျိုးပေါ့။ အချိန်အတော်ကြာ ရေဆာနေခဲ့သော သူ၏ခန္ဓာကိုယ်သည် ယခုအခါတော့ ပျားရည်ကို မြည်းစမ်းခဲ့ရပြီး အချိုဓာတ်သည် သူ၏ဦးနှောက်နှင့် ခြေလက်များတစ်လျှောက် ပြေးလွှားကာ နာကျင်မှုဝေဒနာမှ ခေတ္တသက်သာရာရစေခဲ့သည်။

ဒီကျေနပ်ခြင်းက လွန်ခဲ့သည့် သုံးနှစ်တာကာလရဲ့ခံနိုင်ရည်အားလုံးကို အချည်းနှီးဖြစ်စေခဲ့သည်။ ပထမအကြိမ်ရပြီးနောက်၊ ဒုတိယအကြိမ်ကိုစောင့်မျှော်ခဲ့ပြီး တတိယအကြိမ်တွင်... အဖြစ်မှန်သို့ပြန် သွားစရာမလိုဘဲ ပိုမိုနက်ရှိုင်းစွာ ဖြတ်သန်းချင်ခဲ့သည်...

ဟဲကျင့်က သူ့ကိုယ်သူ ပွေ့ဖက်ထားရင်း ငိုနေပေမယ့် စိတ်ပျက်အားငယ်နေတဲ့ ငိုသံမဟုတ်တော့ဘဲ ပျော်ရွှင်မှုရဲ့ မျက်ရည်တွေလိုပါပဲ။ ချင်ယွီက သူ့ကိုဖက်တွယ်ထားတာကို စိတ်ကူးယဉ်နေခဲ့ပြီးသူ့ကိုယ်ပိုင် စိတ်ကူးထဲမှာ နှစ်မြှုပ်နေခဲ့ပါ၏။ သူက ချင်ယွီရဲ့နာမည်ကိုမနားတမ်းထပ်ခါထပ်ခါခေါ်နေခဲ့လေသည်။

တနင်္လာနေ့တွင်ရုံးပြန်တက်ခဲ့ပြီး နေ့လည်ထမင်းစားချိန်မှာတော့ ဟဲကျင့်ဆေးရုံကိုသွားကာဖြင့် အကိုက်အခဲသက်သာစေသည့်ဆေးတချို့ကိုသွားယူခဲ့လေသည်။သူသွားနေတဲ့အချိန် လမ်းမှာ သူနောက်ကိုလှည့်ကြည့်လှည့်ကြည့်ဖြင့်သွားနေခဲ့ရသည်။ဘာလို့ဆိုသူနောက်ကိုအမြဲတမ်းတစ်ယောက်ယောက်လိုက်နေသလိုခံစားနေရလို့ပါပဲ။သို့သော်လည်း လှည့်ကြည့်ချိန်မှာတော့ သူဘယ်သူကိုမှ မတွေ့ခဲ့ရသလို ထူးထူးခြားခြားလုပ်ရပ်ကိုလည်းမတွေ့ခဲ့ရပါပေ။

သူ့ကုမ္ပဏီပြန်ရောက်တော့ ဟဲကျင့် က ဆေးသောက်ပြီး တစ်ရေးတစ်မော အိပ်လိုက်လေသည်။

မင်းအွန်လိုင်းဖြစ်မယ့်အချိန်ကို စောင့်နေတယ်(ဘာသာပြန်)Where stories live. Discover now