Unicode
ချင်ယွီ က သူ့ကိုလိမ်ခဲ့တာ အသိအသာကြီးပဲလေ
ဒါပေမယ့် ဘယ်အချိန်ကတည်းကလဲ?ဟဲကျင့် က ဒါကို သေသေချာချာ တွေးကြည့်တော့ သူတို့နှစ်ယောက် ပထမဆုံးတွေ့တဲ့နေ့ကို ပြန်ပြီး တွေးမိသွားခဲ့တယ်... အိပ်ဆောင်မှာ တစ်ယောက်နဲ့တစ်ယောက် တိုက်မိကြတုန်းကလား?
မဟုတ်ဘူး...အဲဒီတုန်းက ဟဲကျင့် က ချင်ယွီအကြောင်း တကယ်ကြားခဲ့ဖူးပေမယ့် တစ်ယောက် နဲ့တစ်ယောက် မသိခဲ့ကြသေးဘူးလေ။ပြီးတော့ ချင်ယွီက သူ့က နတ်သမီလေးကျင့် ဆိုတာကို ချက်ချင်းသိသွားရအောင် ဉာဏ်ကောင်းလိမ့်မယ် လို့မထင်ပါဘူးနော်။
အနည်းဆုံးတော့ဂိမ်းထဲကိုသူပထမဆုံးဝင်ပြီးနောက်ပိုင်းပဲဖြစ်မှာပဲ။ ခဏလေး... အဲဒါက ဦးထုပ်ကနေလား?ဒါမှမဟုတ် ထီပေါက်တဲ့ အချက်အလက် ကနေလား?
ဟဲကျင့်ရဲ့မျက်လုံးသည် ချက်ချင်းပင် ပြူးကျယ် သွားရလေပြီ။မီးက Demon God ရဲ့နာမည်ကြီးကစားသမားလေပြီးတော့သူက host လဲလုပ်သေးတာပဲ သူသာတစ်စုံတစ်ယောက်ရဲ့အချက်အလက် ကိုရှာချင်ရင်ရှာလို့ရနေတာကြီးကို။ပြီးတော့ ဟဲကျင့် အွန်လိုင်းပြန်တက်တုန်းက သူဟွားတက္ကသိုလ်ကိုတက်ဖြစ်လားဆိုပြီးတော့လဲအတည်ပြုလိုက်သေးတာပဲ
တကယ်လို့ အဲ့အချိန်ထဲက မီးကသိထားတယ်တယ် ဆိုရင် သူတို့ရဲ့ရေကန်ခရီးစဉ်မှာထဲက ချင်ယွီက သူကအားကျင့်ဆိုတာသိပြီးသားလို့ဆိုလိုတာမလား?
ဟဲကျင့် မျက်မှောင်ကြုတ်လိုက်သည်။ တကယ်တော့ ချင်ယွီရဲ့ အသံကို သူပထမဆုံးကြားလိုက်တုန်းက သူ့အသံက မီး နဲ့ အရမ်းတူနေတာကြောင့် ဟဲကျင့်ကအဲ့တုန်းကသံသယတော့ဖြစ်ခဲ့သေးတယ်လေ။သူမှတ်မိပါသေးတယ်သူတို့ရေကန် မှာတုန်းက မိန်းကလေးတစ်ယောက်ကလည်းဒီအကြောင်းကိုပြောခဲ့ပြီး မီးကိုသိလားလို့တောင်မေးခဲ့သေးတယ် ဒါပေမယ့်ချင်ယွီက သူဂိမ်းမဆော့ဘူးလို့ပြောလို့သူသံသယမဝင်ခဲ့တော့တာပဲ
အဲ့နောက်မှာတော့ သူက မီးနဲ့ချင်ယွီက မတူညီတဲ့လူနှစ်ယောက်လို့ဆုံးဖြတ်လိုက်တော့လေရဲ့။
![](https://img.wattpad.com/cover/358042616-288-k819537.jpg)
YOU ARE READING
မင်းအွန်လိုင်းဖြစ်မယ့်အချိန်ကို စောင့်နေတယ်(ဘာသာပြန်)
RomanceAssociated Names WFYO 就等你上线了 Author(s) Xi He Qing Ling 羲和清零 Year 2016 Status in COO 155 Chapters + 6 Side Stories (Completed) This is fan translation. I don't own this novel Please Enjoy~~~~~