125: ဒီည ဒီမှာအိပ်ကြရအောင်

1.2K 215 3
                                    

Unicode

သူတို့နှစ်ဦး၏ လက်ချောင်းများသည် အချင်းချင်း ရောယှက်နေကြပြီး ဟဲကျင့်က မရုန်းကန်ပဲ သူ့လက်ကို ချင်ယွီအား ဆုပ်ကိုင်ခွင့်ပေးခြင်းသည် ပထမဆုံး အကြိမ်ဖြစ်သည်။

ဟဲကျင့်က ဘာမှမတတ်နိုင်သလိုမျိုးပဲချင်ယွီက ဟဲကျင့်၏သေးငယ်သောလက်လေးများကို သူ့လက်ချောင်းများဖြင့် ပိုင်စိုးပိုင်နင်း ပွတ်သပ်လိုက်သည်။ ထို့နောက် လက်ဖဝါးပေါ်တွင် စက်ဝိုင်းပုံဆွဲလျက် လက်ချောင်းများဖြင့် အနည်းငယ်ကစားနေလေသည်။ ဟဲကျင့် က ကလိထိုးခံရသလို ခံစားလိုက်ရပြီး ပြန်ဆုတ်လိုက်ချင်ပေမယ့်ချင်ယွီက သူ့လက်ကို ပြန်ဆုပ်ကိုင်လိုက်ပြီး သူ့အိမ်မွေးတိရစ္ဆာန်နဲ့ ကစားနေသလိုမျိုး သူ့ကို လွှတ်မပေးခဲ့ပါချေ...

"မင်းအခုထိမပြီးသေးဘူးလား..."

ဟဲကျင့်အနည်းငယ်တုန်ယင်နေမိသည်။ သူငယ်ငယ်လေးထဲကချင်ယွီကြောင့်သာရှက်ခဲ့ရပြီး ရင်ခုန်သံတွေမြန်နေသည်မှာလည်း ဆယ့်ငါးနှစ်သားလေးလိုပင်

ချင်ယွီ: "ဟေး မင်းဘယ်တုန်းကစပြီး ငါ့ကိုသဘောကျသွားတာလဲ?"

သူသည် သူ့ချစ်သူထံမှ အတည်ပြုချက်တောင်းရန် အစွဲအလမ်းကြီးသော ဆယ်ကျော်သက်တစ်ယောက်နှင့်တူနေပါ၏။

ဟဲကျင့်က ဟန်ဆောင်ကာဖြင့် "မမှတ်မိတော့ဘူး..."

ချင်ယွီ: "ဒါဆို မင်းငါ့ကို ခံစားချက်တွေရှိနေတယ်ဆိုတာ ဘယ်တုန်းကသိတာလဲ?"

ဟဲကျင့်: "မသိဘူး"

ချင်ယွီကဆက်လက်မေးမြန်းဆဲပင်

"သေချာတဲ့ အခိုက်တန့်တစ်ခုကတော့ရှိမှာပဲလေ ဘယ်လိုပြောရမလဲ ငါ့မှာကြည့်ကောင်းတဲ့ခန္ဓာကိုယ်ရှိကြောင်းသိလိုက်ရတဲ့အချိန်လိုမျိုး ငါကဂိမ်းထဲမှာကောင်းနေတာမျိုး မင်းပေါ်ပိုပြီးကောင်းပေးတာမျိုးပေါ့"

ဟဲကျင့်က ချင်ယွီလို အရေထူတဲ့လူကို တစ်ခါမှ မမြင်ဖူးဘူး...

ဘယ်လိုပဲဖြစ်ဖြစ် သူ့ကောင်လေးလို့လက်ခံထားပြီးမှတော့ဘာမှဖုံးကွယ်ထားစရာမလိုတော့ဘူးလို့ ဟဲကျင့်တွေးလိုက်တော့သည်။ဟဲကျင့်ကသေချာစဉ်းစားပြီးတော့ချင်ယွီအားအသေးစိတ်တချို့ကိုပြောလာခဲ့သည်။

မင်းအွန်လိုင်းဖြစ်မယ့်အချိန်ကို စောင့်နေတယ်(ဘာသာပြန်)Where stories live. Discover now