112:ငါ့ရဲ့ဧကရာဇ်အသင်း

2K 295 12
                                        

Unicode

ဟဲကျင့်ကဘာမှမပြောပဲထိုင်သာထိုင်နေခဲ့သည်။ဟုန်တုန်ယွမ်ကပထမက ချင်ယွီပြောခဲ့တဲ့ဟဲကျင့်ကလည်းဝန်ခံခဲ့တယ်ဆိုတဲ့စကားကိုသံသယတော့ဝင်ခဲ့သေးတယ်။အခုဟဲကျင့်ဖြစ်နေတဲ့ပုံကိုကြည့်ပြီးသူရှုပ်ထွေးသွားရပြန်ရောဒါပေမယ့်လည်းသူဘာမှတော့မမေးရဲပါဘူးနော်။သူသာမေးလိုက်ရင်ဟဲကျင့်ကစိတ်ဆိုးသွားပြီးသူ့ကိုမှတ်စုတွေမဌားတော့ပဲနေလိမ့်မယ်

အဲ့ဒါကြောင့်မလို့ ရလဒ်အနေနဲ့ အိပ်ဆောင်အတွင်းကလေထုက ဝက်နံရိုးချိုချဉ်နဲ့အတူ အဆင်မပြေဖြစ်ခဲ့ရသည်။ ရုတ်တရက် ဟုန်တုန်ယွမ် သည် ပြိုင်ပွဲအကြောင်း တစ်ခုခုကို သတိရသွားပုံရပြီး သူက"အာ"ဟုဆိုကာ အမှတ်မထင်မေးဟန်ပြုလိုက်သည်။

"လူ့မျက်နှာဖုံးနဲ့နတ်ဆိုးအသင်းနိုင်သွားတာလား?"

ဟဲကျင့်: "ဟုတ်တယ်"

ထို့နောက် သူ တိတ်ဆိတ်သွားပြန်သည်...
ဟုန်တုန်ယွမ်တကယ် ငိုချင်လာပါပြီနော်။ ဟဲကျင့် တကယ်ကြီးမနာလိုဖြစ်နေတာဟ!

တနင်္ဂနွေနေ့ညတွင် ယှဉ်ပြိုင်ကစားသည့် ဒုတိယပွဲစဉ်အတွက် ပြိုင်ဘက်အသင်း၏ ကြံ့ခိုင်မှုမှာ အားနည်းလွန်းသောကြောင့် လွမ်းမောဖွယ်ချစ်ခြင်းအသင်းက ရမှတ် 6:0 ဖြင့် အလွယ်တကူ အနိုင်ရခဲ့သည်။

သို့သော်လည်း ဟဲကျင့် သည် သူ၏ ခွန်အားအစစ်အမှန်ကို လူတို့အား သက်သေပြရန် အခွင့်အရေး မရသေးပေ။ ရှူကျီးကျာ့လန်ကတော့ ဘယ်သူ့ကိုမှ စိတ်မပျက်စေခဲ့တော့ချေ။ သူသည် Fairy Pet PK ၏ပထမဆုံးပွဲကိုအနိုင်ရခဲ့ပြီး သူ၏ချစ်စရာကောင်းပြီး နှိမ့်ချသောအသွင်အပြင် ကြောင့် ပရိသတ်အများအပြားကိုလည်း ရရှိခဲ့သည်။

ပွဲပြီးဆုံးပြီးနောက်တွင် ကိုပင်ဟင်ဂင်ဒတ်စ်သည် ယောက်ျားမင်းကိုချစ်တယ် အဖွဲ့၏ အဖွဲ့ခေါင်းဆောင်ကို သီးသန့်ရှာဖွေကာဖြင့်

"ရှူကျီးကျာ့လန်ကဘယ်လိုလဲ?အားကြီးလား?"

'အင်း သူကသွေးဘားတော်တော်များတော့ ချရတာခက်တယ် "

ကိုပင်ဟင်ဂင်ဒတ်စ်:"ခွေးနတ်ဆိုးနဲ့ယှဉ်ချမယ်ဆိုရင်ရော?"

မင်းအွန်လိုင်းဖြစ်မယ့်အချိန်ကို စောင့်နေတယ်(ဘာသာပြန်)Where stories live. Discover now