Unicode
သခင်တွေထွက်လာတဲ့အချိန်မှာတော့ ပရိသတ်က တစ်ခုခုကိုရိပ်မိသွားပြန်တယ်။ လူအချို့ကနှစ်တစ် ထောင်ဧကရီရဲ့ အထောက်အထားအစစ်အမှန်ကို တစ်ပြိုင်နက် စစ်ဆေးခဲ့ကြတော့သည်။
"Demon God" ရဲ့ ဟိုလိုဂရမ် ဗားရှင်းထွက်လာတဲ့အချိန်မှာတရားဝင်အဖွဲ့အစည်းသည် ကစားသမားများအား သူတို့၏အမည်များကိုပြောင်းလဲခွင့် အခမဲ့ပေးခဲ့ပြီး အများစုမှာ ၎င်းတို့၏အသွင်အပြင်နှင့် နာမည်များကို ပြောင်းလဲခဲ့ကြသည်။ ဤ "နှစ်တစ်ထောင်ဧကရီ" သည် မူလက နတ်ဘုရားအဆင့် ကစားသမားများထဲတွင် 15 ယောက်မြောက် ကစားသမားဖြစ်ပြီး သူမသည် တစ်ချိန်က ရေသေရဲ့ တပည့် မြက်ခင်းပြင် ဟူ၍ဖြစ်ခဲ့လေသည်။
ဂိမ်းထဲတွင် ကစားသမားများစွာသည် အီစီကလီ ဆက်ဆံရေးရှိနေတတ်သည်။ "ရေသေ" နှင့် "မြက်ခင်းပြင်" ဟူသော သင်္ကေတများက သူတို့သည် စုံတွဲတစ်တွဲလိုဖြစ်နေခဲ့ပြီး သူတို့ ၏ဆက်ဆံရေးသည် အတင်းအဖျင်းများစွာကို ဆွဲဆောင်ခဲ့သည်။ သူတို့ စကားစမြည်ပြောခဲ့ကြတုန်းကလိုပဲ မျက်ခင်းပြင် က ဂိမ်းထဲကခဏထွက်ခွာသွားပြီး ဟိုလိုဂရမ် ဗားရှင်းထွက်တဲ့အချိန်တွင်ပြန်လာခဲ့ခြင်းပင်။
သူမနှင့်ရေသေ အကြား ဖြစ်ပျက်ခဲ့သမျှကို မည်သူမှ သေချာမသိခဲ့သလို မည်သူမျှလည်းဂရုမစိုက်ပေ။ ပြီးတော့... အခုတော့ တိုက်ပွဲကစလာပြီ!
ရှောင်လန်: "ဒါကမထင်မဲ့ဘဲ ဆရာနဲ့ တပည့်ကြားကတိုက်ပွဲဖြစ်သွားခဲ့တာပဲ!ဒါဆို ဒါကကြည့်ရတာတော်တော်တန်သွားပြီး ပြီးတော့ တပည့်ရဲ့ spirit pet က ဆရာ့ရဲ့ spirit pet ကိုတောင် သတ်မိတော့မလိုနော် ဆရာက အခုဘာဆက်လုပ်မှာလဲ?"
ဟွမ်ဟွမ်:"စကားမစပ် ရေသေရဲ့ အဆင့်က နှစ်တစ်ထောင်ဧကရီထက်မြင့်နေပေမယ့်လည်း သူ့ role က နှစ်တစ်ထောင် ဧကရီလောက် အကျိုးကျေးဇူးများတဲ့ဟာမဟုတ်ဘူးနော် ဘာလို့ဆို နှစ်တစ်ထောင် ဧကရီက ကုသသူ role လေ!
ရှောင်လန်: "ဟုတ်ပါတယ် နှစ်တစ်ထောင် ဧကရီက သွေးပြန်ဖြည့် စကေးကို သုံးလိုက်တာ ပါးသွေးနီရဲ့ သွေးက 50% ကိုပြန် ခုန်တက်သွားပါပြီ"
![](https://img.wattpad.com/cover/358042616-288-k819537.jpg)
YOU ARE READING
မင်းအွန်လိုင်းဖြစ်မယ့်အချိန်ကို စောင့်နေတယ်(ဘာသာပြန်)
Lãng mạnAssociated Names WFYO 就等你上线了 Author(s) Xi He Qing Ling 羲和清零 Year 2016 Status in COO 155 Chapters + 6 Side Stories (Completed) This is fan translation. I don't own this novel Please Enjoy~~~~~