Unicode
အစပိုင်းမှာတော့ အသင်းက ပိုဆိုးတဲ့ အခြေအနေမှာ ရှိခဲ့လေသည်။ ယခုအချိန်တွင်တော့ အရှုံးကို အောင်ပွဲအဖြစ်သို့ ပြောင်းလဲပစ်နိုင်ပြီပင်။ ဒီအသင်းပွဲကို အနိုင်ရပြီးနောက်မှာတော့ သူတို့ကံကောင်းလို့နိုင်တယ်လို့ဘယ်သူမှပြောလို့မရကြတော့ချေ။ ပြီးတော့ ဘယ်သူကမှလည်းအားကျင့် က တခြားသူတွေကိုဘယ်လိုအားကိုးတယ်ဆိုပြီးလဲမပြောဝံ့ကြတော့ပါ!
ဟာဂင်ဒတ်စ်တို့စုံတွဲနဲ့တိုက်ခိုက်တာကိုကြည့်နေစဉ်တွင်ပရိတ်သတ်ကအရာအားလုံးကိုမြင်ခဲ့ရလေသည်။မီးရဲ့ မိန်းမအနေနဲ့ အားကျင့် ၏အခန်းကဏ္ဍသည် အစားထိုး၍မရနိုင်ပဲအလွန်အရေးပါလေသည်။
သူတစ်ယောက်ထဲတင်မကပဲ လွမ်းမောဖွယ်ချစ်ခြင်းအသင်းသားများအကုန် သူတို့ အင်အားကိုအစွမ်းကုန်အသုံးချခဲ့ရသဖြင့် တစ်ယောက်ချင်းဆီတိုင်းကအရေးပါတာပါပဲ!သုံးနာရီနီးပါးကြာခဲ့သည့်ပွဲသည် နောက်ဆုံးတွင် ပြီးဆုံးသွားခဲ့ပြီး တရားဝင်မဲပေးသည့်ပလက်ဖောင်းကိုလည်း ယခုအချိန်တွင် ပိတ်ထားလိုက်ပြီဖြစ်သည်။ အခုအချိန်မှာတော့ နှစ်သင်းရဲ့ မဲအရေအတွက် က-
လွမ်းမောဖွယ်ချစ်ခြင်းအသင်း- 535,298 မဲ
ဟာဂင်ဒတ်စ်အသင်း - 187,611 မဲ
၎င်းသည် သုံးဆနီးပါးကွာခြားခဲ့သည် — လူ 5 သန်းတွင် လွမ်းမောဖွယ်ချစ်ခြင်းအသင်း သည် မဲများ၏ 10% ရခဲ့သည်။
ပရိသတ်များမှာပျော်ရွှင်ခဲ့ကြပြီး hostသည်လည်းလူတိုင်းအား စိတ်လှုပ်ရှားစွာ ကြေငြာခဲ့သည်
" 'Demon God' ရဲ့ ပထမဦးဆုံး တရားဝင်အသင်းလိုက်ပြိုင်ပွဲ ကျင်းပပြီးစီးခြင်းအတွက် ဂုဏ်ပြုပါတယ် အနိုင်ရသွားတဲ့အသင်းကတော့ လွမ်းမောဖွယ်ချစ်ခြင်းအသင်းပဲဖြစ်ပါတယ်ခင်မျာ"
ထိုအခိုက်အတန့်မှာ အင်တာနက်ကာဖေးမှာထိုင်ပြီး ဂိမ်းကိုကြည့်နေတဲ့ ဟုန်တုန်ယွမ်က screen ကိုစိုက်ကြည့်နေပြီးအကြမ်းဖျင်းတွက်ကြည့်နေလေရဲ့။သေစမ်း!530,000 မဲတဲ့ 5 မီလီယံနီးနီးပဲဟ ဘယ်လိုတောင်အထင်ကြီးစရာလဲ!ဂိမ်းဘောနပ်စ် 500,000 ကအရေးကြီးတာတော့ဟုတ်မနေဘူး အဓိကကမဲအရေအတွက်ပဲကွ!
![](https://img.wattpad.com/cover/358042616-288-k819537.jpg)
YOU ARE READING
မင်းအွန်လိုင်းဖြစ်မယ့်အချိန်ကို စောင့်နေတယ်(ဘာသာပြန်)
RomanceAssociated Names WFYO 就等你上线了 Author(s) Xi He Qing Ling 羲和清零 Year 2016 Status in COO 155 Chapters + 6 Side Stories (Completed) This is fan translation. I don't own this novel Please Enjoy~~~~~