Part- 7

2.3K 272 0
                                    

အခန်း ၇ အိပ်စက်ခြင်း

သိပ်အကြာကြီး မစောင့်လိုက်ရဘဲ သိပ်မကြာခင်မှာ တံခါးဖွင့်သံကို ကြားလိုက်ရတယ်။ ချန်ယန်က အိပ်ယာထဲမှာလဲလျောင်းနေရင်း ဖုန်းထဲက အသံသွင်းမုဒ်ကို ဖွင့်လိုက်ပြီး မျက်လုံးကိုမှိတ်ကာ ချဉ်းကပ်လာတဲ့ ခြေသံကို နားထောင်နေလိုက်တယ်။

အမှုဆောင်အရာရှိက အခန်းထဲ ဝင်လာတာနဲ့ တပြိုင်နက် ကုတင်ပေါ်မှာ လဲလျောင်းနေတဲ့ လူငယ်လေးကို တွေ့လိုက်ရတယ်။ လူငယ်လေးက သူ့ကို ဘေးတိုက် မျက်နှာမူထားတာကြောင့် ပေါ်လွင်နေတဲ့ သူ့မျက်နှာအသွင်အပြင်လေးက အမှုဆောင်အရာရှိကို စိတ်လှုပ်ရှားစေတယ်။

အမှုဆောင်အရာရှိက ဒီလှပတဲ့ ကောင်လေးကို ပိုင်ဆိုင်ရတော့မယ်ဆိုတဲ့ အတွေးနဲ့ ချက်ချင်းပဲ တံတွေးမျိုချလိုက်မိတယ်။

သူက ကုတင်ဘေးကို ရောက်လာပြီး ချန်ယန် တစ်တက်တပျက်အုပ်ထားတဲ့ စောင်ကို ဆွဲယူလိုက်ပြီး ချန်ယန်ရဲ့ ခန္ဓာကိုယ်ကို လှန်ကြည့်လိုက်တယ်။ ပိန်ပိန်ပါးပါးပုံရိပ်ကို ငုံကြည့်လိုက်ချိန်မှာ အောက်က ခုနက မှိတ်ထားတဲ့ မျက်လုံးတွေက ရုတ်တရက် ပွင့်လာတယ်။

ထိုမျက်လုံးတွေက အရမ်းတောက်ပနေပြီး အိပ်ငိုက်နေတဲ့ လက္ခဏာတွေ လုံးဝ ရှိမနေဘူး။

အမှုဆောင်အရာရှိက အံ့အားသင့်သွားတယ်၊ ချန်ယန်က ဘာလို့ ဆေးသောက်ထားတာတောင် နိုးကြားနေတာလဲ၊ သူလုံးဝ နားမလည်နိုင်တော့ဘူး။

"အော် ခင်ဗျားပေါ့!" ချန်ယန်က ဒီလူကို မှတ်မိနေတာတော့ သေချာတယ်။ မနေ့က ဒီလူက သူ့ကို ကြည့်နေတဲ့ပုံစံက အရသာရှိတဲ့ အသားတုံးကို ကြည့်နေတဲ့ ခွေးတစ်ကောင်လိုပဲ ၊ သူ့ပုံစံက လောဘတွေနဲ့ ရွံရှာစရာကောင်းတယ်။

"မင်း ဆေးမသောက်ဘူးလား?" အမှုဆောင်အရာရှိက ဒါက ဖြစ်နိုင်ချေတစ်ခုတည်းပဲလို့ ခံစားရတယ်၊ မဟုတ်ရင် ချန်ယန်က နိုးနေမှာ မဟုတ်ဘူး။

"သောက်တယ်" ချန်ယန်က ထထိုင်လိုက်ပြီး သူ့မျက်နှာပေါ်က အပြုံးက အေးစက်နေကာ ကြောက်စရာကောင်းပုံရတာကြောင့် အမှုဆောင်အရာရှိက နောက်ပြန်ဆုတ်သွားတယ်။

သူ့သားရဲ့ဖေဖေက အချမ်းသားဆုံးဘီလျံနာWhere stories live. Discover now