အခန်း ၅၀
ဒီပါတီကို တန်ဟုန် စီစဉ်တာ မဟုတ်ပါဘူး။ စီစဥ်တာက သူ့သူငယ်ချင်း တယောက်ပါ။ သူတို့အသိုင်းအဝိုင်းထဲမှာရှိတဲ့ လူအများစုက တစ်ယောက်ကနေတစ်ဆင့် တစ်ယောက် သိသွားကြရင် လူတိုင်းက မကြာခဏ အတူတူ တွေ့ဆုံလေ့ရှိကြတယ်။
တန်ဟုန်နဲ့ ရှောင်ယိုတို့က အဲ့နေ့မှာ ပွဲလုပ်တဲ့နေရာကို ရောက်ရှိလာကြပြီး တန်ဟုန်က ဟုန်ကျန့်ပေးထားခဲ့တဲ့ Raphael K7 ကို မောင်းသွားခဲ့တယ်။
သူတို့အသိုင်းအဝိုင်မှာက တစ်ခုခုဖြစ်ခဲ့ရင် သတင်းပြန့်နှံ့တာက အရမ်းမြန်တယ်။ အခြေခံအားဖြင့် တန်ဟုန်မှာ K7 ရှိနေတာကို လူတိုင်းက သိကြတယ်။ သူ ဘယ်လိုရခဲ့လဲဆိုတာနဲ့ ပတ်သတ်ရင်တောင် တန်ဟုန်ရဲ့ သူငယ်ချင်းတစ်ယောက်က သူ့အိမ့်ကို လာလည်ပြီး တုန်ဟုန် အပျော်မောင်းလို့ရအောင် ခေတ္တထားပေးခဲ့မှန်း သိကြတယ်။
ယောက်ျားလေးတစ်ယောက်က ပေးတယ်လို့ တိုက်ရိုက်ပြောလိုက်ရင် ဒီသူငယ်ချင်းတွေက အဲ့လူက တန်ဟုန်ကို လိုက်ချင်နေတယ်ဆိုတာကို ချက်ခြင်း ခန့်မှန်းမိသွားလိမ့်မယ်။
တန်ဟုန်က ဘာကြောင့်မှန်း မသိ ဟုန်ကျန့်ရဲ့တည်ရှိမှုအကြောင်းကို လူတွေကို မသိစေချင်ဘူး။ ရှောင်ယို အပါအဝင်ပေါ့။ ပထမတော့ ရှောင်ယိုလည်း မသိခဲ့ဘူး။ ဒါပေမယ့် သူ တန်ဟုန့်ဆီကို သွားတဲ့နေ့မှာ နှင်းဆီနီပန်းတစ်စည်းကို ကိုင်ဆောင်ထားတဲ့ Delivery နဲ့ တွေ့လိုက်ရတာက တိုက်ဆိုင်မှုပါပဲ။ ရှောင်ယိုနဲ့ Delivery က တန်ဟုန်ရဲ့အိမ်တံခါးဆီကို အတူတူ သွားမိခဲ့ကြပြီး Deliveryက တံခါး ခေါက်တာကို သူ မြင်လိုက်ရတယ်။ အိပ်ငိုက်နေတဲ့ တန်ဟုန်က တံခါးဆီကို ရောက်လာပြီး သူ့လက်ကို အပြင်ကို ဆန့်တန်းလိုက်တယ်။ နောက်တော့ သူက ဘယ်ကိုမှ မကြည့်ဘဲ လက်တစ်ဖက်တည်းနဲ့ တံခါးကို ပိတ်ဖို့ ကြံစည်ခဲ့တယ်။
သူ တံခါးကို ပြန်ပိတ်ပြီးတဲ့နောက်မှာ ထိတ်လန့်တုန်လှုပ်နေတဲ့ ရှောင်ယိုက အသိဝင်လာပြီး တံခါးကို ထပ်ခေါက်လိုက်တယ်။
တန်ဟုန်က ခြေလှမ်းနှစ်လှမ်းလောက် လှမ်းပြီးမှ နောက်ကို ပြန်လှည့်ပြီး တံခါးကို ပြန်ဖွင့်ပေးလိုက်တယ်။ အဲ့အချိန်မှာ တံခါးအပြင်ဘက်က ရှောင်ယိုက သူ့လက်ထဲမှာ ကိုင်ထားဆဲ ဖြစ်တဲ့ ပန်းစည်းကို စိုက်ကြည့်နေတယ်။
YOU ARE READING
သူ့သားရဲ့ဖေဖေက အချမ်းသားဆုံးဘီလျံနာ
RomanceHis Son Has a Richest Billionaires Dad Unicode: နှစ်တစ်ဝက်စာလောက် ခြိုးချန်ချွေတာပြီးတဲ့နောက်မှာတော့ ချန်ယန်တစ်ယောက် ဇိမ်ခံအပျော်စီးသင်္ဘောပေါ်မှာ ခုနစ်ရက်လောက် ပျော်ပါးဖို့ စာရင်းသွင်းလိုက်တယ်။ လမ်းမှာ စီအီးအိုတစ်ယောက်နဲ့ မတော်တဆ ဆုံမိသွားတယ်။ မကြ...