Part 51.1

799 115 0
                                    

အခန်း ၅၁ (အပိုင်း ၁)

ပထမတော့ တန်ဟုန်က အခိုက်အတန့်တစ်ခုအထိ ဒါက တိုက်ဆိုင်မှုလို့ ထင်ခဲ့တယ်။ ဒါပေမယ့် သူ တွေးလိုက်မိတာက နင်ချမ်းမြို့က အရမ်းကြီးပြီး ဟုန်ကျန့်က တစ်ယောက်ယောက်နဲ့ တကယ် ချိန်းထားတယ်ဆိုရင်တောင် ဘာကြောင့် ဒီနေရာ ဖြစ်နေရတာလဲ?

တန်ဟုန်က သူ့သူငယ်ချင်းယူလာတဲ့ ဝိုင်ကို တစ်ငုံသောက်လိုက်ပြီး သူ့ရဲ့မျက်လုံးတွေက တဖြည်းဖြည်း မည်းမှောင်လာတယ်။

တန်ဟုန်ရဲ့ မှန်းဆချက်အရ ဟုန်ကျန့်က ဒီနေရာကို ‌ရောက်လာတာကြောင့် မကြာခင် သူ့ရှေ့တွင် ပေါ်လာသင့်တယ်၊ အဲ့တာကြောင့် သူ ဟုန်ကျန့်ကို စောင့်ဆိုင်းနေခဲ့ပေမယ့် နာရီဝက်ကျော်သွားတာတောင် ဟုန်ကျန့်ရဲ့ အရိပ်အယောင်ကို မတွေ့ရသေးဘူး။

အဲ့အချိန်မှာတော့ တန်ဟုန်က သူ ခန့်မှန်းတာ မှားနေပြီလားလို့ တွေးမိလာတယ်။

တန်ဟုန်က သူ့မျက်လုံးတွေကို အမှတ်တမဲ့ လှမ်းမျှော်ကြည့်လိုက်ပြီး သူ့ဘေးနားကို ကြည့်လိုက်တဲ့အခါ သူ့ဘေးနားရှိက လူက သူ့ကို စကားပြောဖို့ ချီတုန်ချတုံဖြစ်နေတာကို သူ သတိပြုမိလိုက်တယ်။

တန်ဟုန်က ရုတ်တရက် သတိပြန်ဝင်လာတယ်။ ဟုန်ကျန့်က သူ့အတွက် ရောက်လာတာလား? ဒါမှမဟုတ် တခြားအရာတွေ အတွက်ပဲလားဆိုတာ မပြောနိုင်ဘူးလေ၊ ဒါပေယ့် သူက သူ့ကိုယ်သူ အဓိပ္ပါယ်မဲ့တဲ့ ပြဿနာထဲမှာ နှစ်မြှပ်ထားပြီး အကြာကြီး စိတ်အနှောက်အယှက်ဖြစ်နေမိတယ်။

အဲ့တာက မဖြစ်သင့်ဘူး။

တန်ဟုန်က ချက်ချင်း ထရပ်လိုက်ပြီး အိမ်ဘက်ကို လျှောက်သွားလိုက်တယ်။ အတွင်းပိုင်းလေထုထဲက အသားနံ့ပြင်းပြင်းတွေနဲ့ ပြည့်နေခဲ့တယ်။

အထဲမှာ ရယ်မောသံတွေ ဆက်လက်ထွက်ပေါ်လာပြီး တန်ဟုန်က အသားကင်နေတဲ့နေရာဆီကို လျှောက်လာတဲ့အချိန်မှာ တစ်စုံတစ်ဦးက ဟင်းခတ်အမွှေးအကြိုင်တွေထည့်ထားတဲ့ အသားတုတ်ထိုးတွေကို သူ့ကို ချက်ခြင်း ပေးလိုက်တယ်။ တန်ဟုန်က အဲ့လူကို ကျေးဇူးတင်စကားဆိုလိုက်တာကြောင့် တစ်ဖက်လူက ချက်ချင်း ပျော်ရွှင်သွားတယ်။

သူ့သားရဲ့ဖေဖေက အချမ်းသားဆုံးဘီလျံနာWhere stories live. Discover now