အခန်း ၁၀ နှုတ်ဆက်ပါတယ် (၁/၂)
သူ့ပတ်ဝန်းကျင်မှာရှိနေတဲ့ လူတွေရဲ့မျက်လုံးထဲမှာတော့ ချန်ယန်ရဲ့တည်ငြိမ်အေးချမ်းမှုက သူတို့ကို တမင်တကာ မထီမဲ့မြင်ပြုနေတာနဲ့ တူနေပြီး သူတို့ကို ငုံ့ကြည့်နေသလို ခံစားရစေတယ်။
ချန်ယန်က သူတို့ကို ဘာကြောင့် ရှုံ့ချနေနိုင်တာလဲ။
"မင်းက တော်တော် အရည်အချင်းရှိတာပဲ။ မစ္စတာရှဲ့ကို မြန်မြန်ဆန်ဆန် ဆွဲဆောင်နိုင်ခဲ့တယ်"
ဒီလိုပြောတဲ့သူက တခြားလူတစ်ယောက်ပါ၊ အဲဒီလူက ချန်ယန်ကို သိတယ်။ သူက သင်္ဘောပေါ် ပထမဆုံးတက်တဲ့နေ့မှာ တန်းစီနေတဲ့အချိန်မှာ ချန်ယန်ကို သတိထားလိုက်မိတယ်။
နားလည်ဖို့ကတော့ လွယ်လွယ်လေးပါ။ ချန်ယန်မှာက ချောမောလှပတဲ့ မျက်နှာလေးရှိတယ်။ အဲ့အချိန်က ချန်ယန်က ရိုးရှင်းပြီး စျေးသက်သာတဲ့ ပေါ့ပေါ့ပါး ပါးအ၀တ်အစားတွေကို ၀တ်ဆင်ထားပေမယ့် သူဆီကနေ သန့်ရှင်းလတ်ဆတ်တဲ့ ကျောင်းသားအငွေ့အသက်ကို လွင့်ထုတ်နေပြီး လူတွေကို ချက်ချင်း ဆွဲဆောင်နိုင်ခဲ့တယ်။ ချန်ယန်ကတော့ အခြားအရာတွေကို မသိဘဲ အဲဒီတုန်းက သူ့ပတ်ဝန်းကျင်မှာ သူ့သူငယ်ချင်းတွေပဲရှိတယ်။
ဒါပေမယ့် အခုတော့ သူက နှစ်ရက်သုံးရက်အတွင်း လူတစ်ကိုယ်လုံးမှာ ဈေးကြီးတဲ့အဝတ်အစားတွေ ဝတ်ထားရုံသာမကဘဲ သူရဲ့အမူအရာကို အနီးကပ်ကြည့်မယ်ဆိုရင်လည်း ကျက်သရေရှိမှုတွေနဲ့ ပြည့်နေတာကို တွေ့နိုင်တယ်။
သူ့မျက်လုံးတွေက ချိတ်နဲ့တူပြီး တစ်ဖက်လူကို ဖြားယောင်းဖို့ အဆင်သင့် ဖြစ်နေပုံရတယ်။
"မင်း ဘယ်လိုလုပ်ခဲ့တာလဲ ငါတို့ကို သင်ပေးပါလား"
"ငါတို့ကြားမှာ ကွာခြားမှု မရှိပါဘူး။ မင်း ငါတို့ရှေ့မှာ ဒီလောက် အပြစ်ကင်းတဲ့ပုံစံနဲ့ ဟန်ဆောင်နေစရာ မလိုပါဘူး"
"ဟုတ်တယ်၊ ရှဲ့ရန်ကို လိမ်လို့ရရင် ရမယ်၊ ဒါပေမယ့် မင်း ငါတို့ကို လှည့်စားလို့ မရဘူး"
အဲဒီမှာ လူတော်တော်များများက စကားစမြည်ပြောနေကြတယ်။
သူတို့က သင်္ဘောပေါ်တွင် ဒီပါတီ ရှိနေတာကို သိတာကြောင့် ဒီအပျော်စီးသင်္ဘောကို လာခဲ့ကြပြီး လက်မှတ်များရပြီးနောက်တွင် စပွန်ဆာရှာဖို့ စီစဉ်ထားခဲ့ကြသော်လည်း ချန်ယန်က ရှဲ့ရန်နဲ့အတူ လိုက်ပါလာတာကြောင့် အံ့သြသွားခဲ့ကြရတယ်။
YOU ARE READING
သူ့သားရဲ့ဖေဖေက အချမ်းသားဆုံးဘီလျံနာ
RomanceHis Son Has a Richest Billionaires Dad Unicode: နှစ်တစ်ဝက်စာလောက် ခြိုးချန်ချွေတာပြီးတဲ့နောက်မှာတော့ ချန်ယန်တစ်ယောက် ဇိမ်ခံအပျော်စီးသင်္ဘောပေါ်မှာ ခုနစ်ရက်လောက် ပျော်ပါးဖို့ စာရင်းသွင်းလိုက်တယ်။ လမ်းမှာ စီအီးအိုတစ်ယောက်နဲ့ မတော်တဆ ဆုံမိသွားတယ်။ မကြ...