အခန်း ၅၂ (အပိုင်း ၂)
ချန်ယန်က ရှဲ့ရန်ကို သူနဲ့အတူ သူ့အိမ်ဆီကို သွားစေချင်ခဲ့ပေမယ့် ရှဲ့ရန်က ချန်ယန်ရဲ့ အိမ်အခြေအနေကို သိနေပြီး သူ လိုက်မသွားဘူးဆိုရင် အခြေအနေက ပိုကောင်းလာနိုင်တယ်လို့ သူ တွေးခဲ့တယ်။ ဒါ့အပြင် အခု ကလေးလေးကလည်း အသက်ကြီးလာပြီ။
ရှဲ့ရန်က ထိုင်ချလိုက်ပြီး သူ့သားငယ်ရဲ့လက်ကလေးကို ကိုင်ရင်း သူ့သားကို ပြောလိုက်တယ်။ "သားက ဒယ်ဒီတို့ မိသားစုထဲမှာ အကြီးဆုံးသားပဲ။ သားက သားရဲ့ပါးပါးကို ကာကွယ်ပေးရမယ်၊ ဘယ်သူ့ကိုမှ အနိုင်ကျင့်ခွင့်မပေးနဲ့။ သား နားလည်လား?"
ရှဲ့ရန်က အရင်တုန်းက ချန်ယန်ကို ရိုက်ပုတ်ဟန်ဆောင်ခဲ့ပြီး သူ့သားငယ်ရဲ့လက်နဲ့ ပြန်အရိုက်ခံရတာကြောင့် ရှဲ့ရန်က သူ့သားကို ယုံကြည်နေဆဲပဲ။
"ဟုတ်...ဟုတ်...ဒယ်ဒီ" ကောင်လေးက သူ့မှာ ကြီးလေးတဲ့တာဝန်ရှိတယ်လို့ ရုတ်တရက် ခံစားလိုက်ရပြီး သူ့ရင်ဘတ်လေးတွေတောင် ဖောင်းတက်လာတယ်။
"အားလုံးကို သားလက်ထဲကို အပ်လိုက်ပြီ" ရှဲ့ရန်က သူ့ဇနီးကို အကာအကွယ်ပေးဖို့ တာဝန်ကို သူ့သားကို အပ်လိုက်တယ်။
သူက အိမ်အထိ မလိုက်ဘူးလို့ ပြောခဲ့ပေမယ့် တံခါးဝအထိတော့ လိုက်ပို့ပေးခဲ့တယ်။
ချန်ယန်က သားဖြစ်သူကို သူ့ရဲ့ညာလက်နဲ့ ကိုင်ထားပြီး သူ့ရဲ့ဘယ်လက်မှာ ဝယ်ထားတဲ့ လက်ဆောင်တွေကို ကိုင်ထားတာကြောင့် သားဖြစ်သူကိုပဲ တံခါး ခေါက်ခိုင်းလိုက်တယ်။
ကောင်လေးက တံခါးကို သူ့လက်သေးသေးလေးနဲ့ ပုတ်လိုက်ပြီး မကြာခင်မှာပဲ တစ်စုံတစ်ယောက်က တံခါးလာဖွင့်ပေးတယ်။
တံခါးဖွင့်လိုက်တာနဲ့ အခန်းထဲက အမေချန်က ချန်ယန်ကို တွေ့သွားပြီး သူတို့နှစ်ယောက်စလုံးက ခဏတာလောက် တစ်ယောက်နဲ့ တစ်ယောက် တိတ်တိတ်ဆိတ်ဆိတ် စိုက်ကြည့်နေကြတယ်။
ရုတ်တရက် တစ်စုံတစ်ယောက်က သူမရဲ့အဝတ်အစားတွေကို ဆွဲနေတယ်ကို ခံစားလိုက်ရတာကြောင့် အမေချန်က ခေါင်းငုံ့ကြည့်လိုက်တဲ့အချိန်မှာ အရမ်းချစ်စရာကောင်းတဲ့ ကလေးလေးကို တွေ့လိုက်ရတယ်။
YOU ARE READING
သူ့သားရဲ့ဖေဖေက အချမ်းသားဆုံးဘီလျံနာ
RomanceHis Son Has a Richest Billionaires Dad Unicode: နှစ်တစ်ဝက်စာလောက် ခြိုးချန်ချွေတာပြီးတဲ့နောက်မှာတော့ ချန်ယန်တစ်ယောက် ဇိမ်ခံအပျော်စီးသင်္ဘောပေါ်မှာ ခုနစ်ရက်လောက် ပျော်ပါးဖို့ စာရင်းသွင်းလိုက်တယ်။ လမ်းမှာ စီအီးအိုတစ်ယောက်နဲ့ မတော်တဆ ဆုံမိသွားတယ်။ မကြ...