အခန်း ၄၉ (အပိုင်း ၂)
ချန်ယန်က မမျှော်လင့်ဘဲ come out လုပ်လိုက်သလို ဖြစ်သွားခဲ့တယ်။ အားလုံးက ထိတ်လန့်သွားပုံပေါ်ပေမယ့်လည်း သူတို့အားလုံးက ကြင်ကြင်နာနာ ပြုမူကြတယ်။ တကယ်တော့ သူတို့က ဘက်ပေါင်းစုံက အတွေးအမြင်တွေကို လက်ခံတဲ့ ခေတ်လူငယ်တွေ ဖြစ်ပြီး သူတို့ရဲ့လိင်တူနှစ်သက်မှုကို လက်ခံနိုင်စွမ်းက အသက်ကြီးတဲ့ မျိုးဆက်တွေထက် ပိုအားကောင်းတယ်။
ပြီးတော့ ချန်ယန်လိုမျိုး ချောမောတဲ့ ကောင်လေးတွေတော်တော်များများက ကောင်လေးတွေ ရှိနေတက်ကြတယ်။ ဒီစာကြောင်းက အမှန်တကယ်ကို ချဲ့ကားတာ မဟုတ်ပါဘူး။
ချန်ယန်က သူ့ဘေးနားက ယုရုန်ကို လှည့်ကြည့်လိုက်ပြီး အလှနတ်ဘုရားမကို အတူကဖို့ ဘာလို့ မဖိတ်ခေါ်တာလဲလို့ မေးလိုက်တယ်။
ယုရုန်က ခေါင်းကို အနည်းငယ် ခါယမ်းပြလိုက်တယ်။ ရွှယ်ဖျင်က နောက်ထပ်အကမှာ ကျူးကျန်းနန်နဲ့ ကပြမှာ ဖြစ်တဲ့အတွက် သူ သွားမေးဖို့ မလိုအပ်ဘူးဆိုတာ သိသာနေတယ်။
"လာလေ၊ ရွှယ်ဖျင်က ကျူးကျန်းနန်ကို ကြိုက်တယ်လို့တော့ ငါ မထင်ဘူး" ဒါက ချန်ယန်ရဲ့ ကိုယ်ပိုင်ထင်မြင်ချက်ပါ၊ သူ့မှာလည်း ချစ်သူရှိတာကြောင့် တစ်စုံတစ်ယောက်ကို သဘောကျတဲ့အခါ အဲ့လူရဲ့အမူအရာက ဖုံးကွယ်လို့ မရနိုင်ဘူးဆိုတာကို သူ သိတယ်။
ယုရုန်က ချန်ယန်ရဲ့စကားတွေကို အလေးအနက် မထားဘူး။ သူမက အလှနတ်ဘုရားမ ဖြစ်တာကြောင့် သူမကို လိုက်ဖို့က ခဲယဉ်းပြီး သဘာဝအားဖြင့် စသူမက သူ လက်လှမ်းမမီတဲ့ တည်ရှိမှုတစ်ခုဖြစ်နေခဲ့တယ်။
နတ်ဘုရားမရဲ့ မျက်လုံးများက သူ့အပေါ်ကို ခဏလောက်ကျရောက်နိုင်ရင် သူက ကျေနပ်နေပြီ။ သူ အရမ်းကြီး မမျှော်လင့်ရဲဘူး။
အကကြမ်းပြင်မှာ အမျိုးသား၊ အမျိုးသမီး စုံတွဲတွေက ပွေ့ဖက်ပြီး ကခုန်နေကြတယ်။ ချန်ယန်က သူတို့ကနေတာကို ကြည့်ပြီး သူနဲ့ရှဲ့ရန် အရင်က ဒီလို မကခဲ့ဖူးတာကို တွေးမိသွားတယ်။
သူတို့ စမ်းကြည့်သင့်တယ်ထင်တယ်၊ ဒါပေမယ့် သူက ဘယ်လို ကရမှန်း မသိဘူး။ ဒါပေမယ့် ရှဲ့ရန်ကတော့ သိနိုင်လိမ့်တယ်။ ချန်ယန်ရဲ့အမြင်အရတော့ သူ့ခင်ပွန်း မလုပ်နိုင်တာ ဘာမှ မရှိဘူးလို့ ထင်ရတယ်။
YOU ARE READING
သူ့သားရဲ့ဖေဖေက အချမ်းသားဆုံးဘီလျံနာ
RomanceHis Son Has a Richest Billionaires Dad Unicode: နှစ်တစ်ဝက်စာလောက် ခြိုးချန်ချွေတာပြီးတဲ့နောက်မှာတော့ ချန်ယန်တစ်ယောက် ဇိမ်ခံအပျော်စီးသင်္ဘောပေါ်မှာ ခုနစ်ရက်လောက် ပျော်ပါးဖို့ စာရင်းသွင်းလိုက်တယ်။ လမ်းမှာ စီအီးအိုတစ်ယောက်နဲ့ မတော်တဆ ဆုံမိသွားတယ်။ မကြ...