Part 58 (ဟုန်ကျန့် x တန်ဟုန် ၄)

596 57 0
                                    

အခန်း ၅၈ အချပ်ပို (ဟုန်ကျန့် x တန်ဟုန် ၄)

ဒီကမ္ဘာကြီးမှာ ပိုက်ဆံအလုံအလောက်ရှိရင် အရာအားလုံးကို လွယ်လွယ်ကူကူ ကိုင်တွယ်နိုင်တယ်ဆိုတာက အမှန်ပါပဲ။

ဟုန်ကျန့်က ရုံးခွဲကို အမြန်တည်ထောင်နိုင်ခဲ့ပြီး သူက ဒီကိစ္စကို တန်ဟုန်ကို မပြောဘဲ ဖုံးကွယ်ထားခဲ့တယ်။ သူ့က တန်ဟုန်အတွက် သူက သူ့ရဲ့အလုပ်ကို နင်ချမ်းကို ခေတ္တပြောင်း‌‌ရွေ့လာခဲ့တယ်။

နောက်ဆုံးခရီးမှာ တွေ့ကြတဲ့အချိန်ကစပြီး သူတို့နှစ်ယောက်ကြားထဲက ဆက်ဆံရေးက အတိုင်းအတာတစ်ခုအထိ ပြေလျော့သွားပုံပေါ်တယ်။ ပြီးခဲ့တဲ့အချိန်တွေကဆိုရင် ဟုန်ကျန့်က ထွက်ခွာသွားပြီးတာနဲ့ ပျောက်ကွယ်သွားခဲ့တယ်။ ဒီတစ်ခါမှာတော့ အရင်နဲ့မတူပဲ ဟုန်ကျန့်က တန်ဟုန်ကို နေ့တိုင်းနီးပါး ဖုန်းခေါ်တယ်။ စကားတွေအများကြီး မပြောရင်တောင် သူက တန်ဟုန်ကို ကောင်းသောညပါလို့တော့ ပြောတက်လာတယ်။

တကယ်တော့ အဲ့ဒီ "ကောင်းသောညပါ" ဆိုတဲ့ စကားအတွက် အင်တာနက်ပေါ်မှာ အခြားရှင်းပြချက်တစ်ခုရှိနေသေးတယ်။ တစ်စုံတစ်ဦက မင်းကို ကောင်းသောညပါလို့ ပြောတာက "ငါ မင်းကို ချစ်တယ်"လို့ ပြောတာနဲ့ အတူတူပဲတဲ့။ ဟုန်ကျန့်က အဲ့ဒီအဓိပ္ပါယ်နဲ့ ပြောတာ ဟုတ် မဟုတ်တော့ တန်ဟုန်လည်း မသိတော့ပါဘူး။

ကျောင်းပိတ်ရက်တွေမှာတော့ တန်ဟုန်က သူ့အိမ်ကို ပြန်သွားခဲ့တယ်။ အဲ့ဒီမှာ သူ့မိဘတွေ ရှိနေပြီး တုန်ဟုန်က ညနေဘက်တွေမှာ ဖုန်းပြောနေတာကို သူတို့ အကြိမ်ကြိမ်မြင်နေရတယ်။

လင်မယားနှစ်ယောက်က တဖြည်းဖြည်း အထူးအဆန်းတစ်ခုခုကို သတိထားမိလာကြတယ်။

သူတို့ ထမင်းအတူ စားကြတဲ့အချိန်မှာ သူတို့ သားမှာ သဘောကျနေတဲ့ သူရှိနေပြီး အဲ့မိန်းကလေးမှာ သန့်ရှင်းသပ်ရပ်တဲ့ စရိုက်လက္ခဏာရှိနေရင် သူ့တို့ အိမ်ကို ခေါ်လာနိုင်တဲ့အကြောင်းကို သားဖြစ်သူကို ထပ်ခါထပ်ခါ အရိပ်အမြွက် ပြနေကြတယ်။

တန်ဟုန်နဲ့တွဲနေတဲ့ သူငယ်ချင်းတော်တော်များများက အင်တာနက်ဆယ်လီမလေးတွေ ဖြစ်ကြပြီး တန်ဟုန်ရဲ့မိဘတွေက အဲ့ဒီလိုမိန်းကလေးမျိုးကို မကြိုက်ကြဘူး။

သူ့သားရဲ့ဖေဖေက အချမ်းသားဆုံးဘီလျံနာWhere stories live. Discover now