Part 46

790 136 2
                                    

အခန်း ၄၆

နောက်ဆက်တွဲ အဖြစ်အပျက်အတွက်ကတော့ အမြန်ချောပို့သူက ပန်းတွေကို ပေးပို့လာပြီး တန်ဟုန်ကို ဘယ်သူ ပို့လိုက်တာလဲဆိုတာ မပြောဘဲ လက်မှတ် ထိုးခိုင်းလာပြန်တယ်။

တန်​​ဟောင်​က ပန်း​တွေ ဝယ်ပေး​တဲ့သူကို ချက်​ချင်း မှန်းဆနိုင်လိုက်​တယ်​။

ဒီလူ သူ့ကို လိုက်ဖမ်းတဲ့နည်းက သူ မိန်းကလေးတွေကို လိုက်ဖမ်းတာနဲ့ ဆင်တူနေတယ်။ ဟုန်ကျန့်က သူ့ကို ဒီလိုမျိုး အထင်ကြီးအောင်လုပ်နေတာက ရိုးရှင်းလွန်းတယ်။

သူက Raphael ကို မကြာခဏ ကားမမောင်းတတ်တာကြောင့် သူ့သူငယ်ချင်းတွေက သူ့မှာ အဲ့ကားရှိနေမှန်း သိကြပြီး တန်ဟုန် အကြောင်းတစ်ခုခုကြောင့် သိမ်းထားတယ်လို့ တွေးမိပြီး လာငှားကြတယ်။

ကားတွေက ဖုန်တက်ဖို့ ထားရမှာ မဟုတ်ဘဲ မောင်းဖို့ မွေးဖွားလာတာပါ၊ အဲ့တာကြောင့် တန်ဟုန်က သူ့ရဲ့သူငယ်ချင်းတွေကို သူတို့စိတ်ကြိုက် ငှားပေးလိုက်တယ်။

ဒါပေမယ့် နောက်ပိုင်းမှာ တန်ဟုန်က သူ့ရဲ့ WeChat Moments မှာ သူ့ကားငှားလိုက်တဲ့ သူငယ်ချင်းတွေက Raphaelရဲ့ပုံ အနည်းငယ်ကို တင်လာကြတယ်။ သူငယ်ချင်းတွေကြားမှာ ကားငှားတာက ပုံမှန်ပါပဲ။ ဒါပေမယ့် သူ ရုတ်တရက် သူတို့ကို ကားမငှားပေးချင်တော့ဘူး။

သူက ငှားထားပြီးသား ဆိုတော့ သူ့ဆန္ဒအတိုင်း ပြန်ပြောလို့ရတယ်၊ အဲ့တာက သူ့ရဲ့စိတ်ကြိုက် ရွေးချယ်မှုပဲ၊ ဒါပေမယ့်လည်း တစ်ရက် နှစ်ရက်အတွင်းမှာတော့ သူ့မျက်နှာကိုသူ ပြန်ရိုက်စရာက အဓိပ္ပါယ်တော့ မရှိဘူး။

ဂိမ်းရဲ့တိုက်ရိုက်ထုတ်လွှင့်မှုနဲ့ပတ်သက်ရင် ဟုန်ကျန့်က သီးသန့်စုံစမ်းစစ်ဆေးမှုတစ်ခု ပြုလုပ်ခဲ့ပြီး သူက တန်ဟုန်ရဲ့အခန်းနံပါတ်ကို တွေ့ရှိခဲ့တယ်။ တန်ဟုန်က တစ်ပတ်ကို နှစ်ကြိမ် ဒါမှမဟုတ် သုံးကြိမ်ပဲ တိုက်ရိုက်ထုတ်လွှင့်တက်တယ်။ အဲ့တာက အောက်တိုဘာ ၂၀ ကနေ စတင်ခဲ့တယ်။

တန်ဟုန် တိုက်ရိုက်ထုတ်လွှင့်မှု စတင်ပြီး မကြာခင်မှာပဲ လူတစ်ယောက်က သူ့ကို လက်ဆောင်တွေ ပေးလာခဲ့ကြပြီး သူ တိုက်ရိုက်ထုတ်လွှင့်တဲ့ အခန်းတစ်ခုလုံးက လက်ဆောင်တွေနဲ့ ပြည့်နေခဲ့တယ်။

သူ့သားရဲ့ဖေဖေက အချမ်းသားဆုံးဘီလျံနာWhere stories live. Discover now