Part 43.2

984 142 1
                                    

အခန်း ၄၃ (အပိုင်း ၂)

နောက်ပိုင်းမှာတော့ ချန်ယန်က အဆိုတော်မလေးနဲ့ ခေတ္တ စကားပြောနေခဲ့ပြီး သူနဲ့သူ့ခင်ပွန်းက သူတို့ရဲ့ ဟန်းနီးမွန်းခရီးအတွက် ဒီနေရာကို လာခဲ့ကြတာကို သူက ပြောပြလိုက်တယ်။ ဒီမြေအောက်မြို့လေးမှာ လှပတဲ့ရှုခင်းတွေရှိပြီး ဒီနေရာကို လာရတာက အရမ်းပျော်စရာကောင်းတယ်လို့ သူ ခံစားနေရတယ်။

တစ်ချိန်တည်းမှာပဲ အဆိုတော်အမျိုးသမီးက သူမ ဒီနေရာကို ရောက်တာ နှစ်လခန့်ရှိပြီဖြစ်ကြောင်းနဲ့ ဒီကာလတွေအတွင်းမှာ သူမ မြေပြင်ပေါ်ကို တစ်ခါမှ ပြန်မရောက်ခဲ့ကြောင်း ပြောပြလာတယ်။

ဒါကိုပြောပြီးတာနဲ့ အဆိုတော်က သူမ ပြောတာ အရမ်းများသွားတယ်ဆိုတာကို သတိရသွားပြီး ချန်ယန်နဲ့ ရှဲ့ရန်ကို ချက်ချင်း တောင်းပန်လာတယ်။

"ပရိုဂရမ်တွေက တစ်နေ့မှာ ၂၄နာရီ ရှိနေတာတော့ မဟုတ်ပါဘူး။ မင်း အပြင်ကို ထွက်ဖို့ အချိန်နည်းနည်း ယူလို့ရနိုင်ပါတယ်" ချန်ယန်က ဒီနေရာက နေရတာ အလွန်ဇိမ်ရှိပြီး ပျော်စရာကောင်းတယ်လို့ တွေးမိတယ်။ ဒါပေမယ့် တကယ်လို့ သူသာ ဒီမှာ နှစ်ပေါင်းများစွာ နေထိုင်ရမယ်ဆိုရင်တော့ သူကိုယ်တိုင်လည်း သည်းမခံနိုင်ပါဘူး။

"ကျွန်မရဲ့ ID ကတ်ကို ကျွန်မရဲ့မန်နေဂျာက သိမ်းထားတယ်၊ ပြန်ယူလို့ မရဘူး" ဒါတင်မကဘဲ သူမ ရရှိတဲ့ငွေအားလုံးကိုလည်း သူမရဲ့မန်နေဂျာကပဲ စီမံခန့်ခွဲတယ်။ တစ်ခုခု ဝယ်ဖို့တောင် တခြားသူဆီက ပိုက်ဆံတောင်းဖို့ လိုအပ်နေသေးတယ်။

"ပြန်ယူလို့ မရဘူး?"

ချန်ယန်က တစ်ခုခု မှားနေပြီလို့ ခံစားရပေမယ့် ဘာမှားနေမှန်း မသိဘဲ အူကြောင်ကြောင် ဖြစ်နေတယ်။

အဆိုတော်အမျိုးသမီးက သူမခေါင်းကို ယမ်းပြပြီးတာနဲ့ သူမ မျက်လုံးတွေကို အောက်ကို စိုက်ချလိုက်တယ်။ သူမက ဒီအကြောင်းအရာကို ဆက်ပြီး မဆွေးနွေးချင်တဲ့ပုံပါပဲ။

အခြားတစ်ဖက်က ဆုတ်ခွာဖို့ ရွေးချယ်လိုက်တာကြောင့် ချန်ယန်က ဆက်မမေးနိုင်တော့ဘူး။

သူ့သားရဲ့ဖေဖေက အချမ်းသားဆုံးဘီလျံနာWhere stories live. Discover now