Part 48.2

922 132 1
                                    

 အခန်း ၄၈ (အပိုင်း ၂)

ပထမထပ်ကို တက်လာပြီး ချောင်းကြည့်ဖို့ ရှက်ရွံနေတဲ့သူတွေနဲ့ ဥက္ကဌရုံးခန်းကို ဝင်ခွင့်မရတဲ့သူတွေကတော့ မနာလိုစိတ်နဲ့ ခုန်ပေါက်နေကြပြီး တွေ့ခွင့်ရလို့ ပြန်ပြောပြနေတဲ့သူတွေကို ရိုက်နှက်ချင်နေကြတယ်။

အရေးကြီးတဲ့စာရွက်စာတမ်းအချို့ကို ကိုင်တွယ်ပြီးတဲ့နောက်မှာ ရှဲ့ရန်က သူ့ရဲ့လက်ထောက် ကျိုးဟွေ့ကို အလုပ်တစ်ခုခု ပြောလိုက်ပြီး မိနစ်နှစ်ဆယ်လောက်ကြာမှ ရုံးကို ပြန်လာဖို့ ညွှန်ကြားလိုက်တယ်။ အဲ့အချိန်မှာ သူဘာပဲလုပ်နေပါစေ အဲ့တာတွေ အားလုံးကို ဖယ်ထားခဲ့ဖို့ အမိန့်ပေးလိုက်တယ်။

ကျိုးဟွေ့က သူ့ဥက္ကဌက ချန်ယန်ကို တစ်ခုခုပြောချင်တာ ရှိနေကြောင်း မှန်းဆနိုင်တာကြောင့် သူက သူ နားလည်ကြောင်း ခေါင်းညိတ်ပြသပြီး အခန်းထဲကနေ အမြန်ထွက်သွားခဲ့တယ်။

ရှဲ့ရန်ကက အောက်ခြေပါတဲ့ အံဆွဲတစ်ခုကို ဖွင့်ဖို့ သော့ကို ယူလိုက်ပြီး အဲ့ထဲကနေ စာရွက်ထူထူတစ်ခုကို ထုတ်ယူလိုက်တယ်။ သူက စာရွက်ကို ယူပြီး သူ့စားပွဲမှာ မတ်မတ်ပြန်ရပ်လိုက်တယ်။ သူ့ဘေးက ဆိုဖာက အနည်းငယ် တုန်ခါသွားတာကြောင့် စာဖတ်တဲ့ထဲကို စိတ်ရောက်နေတဲ့ ချန်ယန်က မော့ကြည့်လာပြီး ရှဲ့ရန်က သူ့ဘေးနားမှာ ထိုင်နေတာကို သူ သိလိုက်ရတယ်။

ချန်ယန်က စာအုပ်ဆီကနေ ရှဲ့ရန်ဆီသို့ မျက်လုံးလှည့်လိုက်တယ်။ ရှဲ့ရန်ရဲ့လက်ထဲမှာ စာရွက်အထူကြီးကိုင်ထားတာကို သူ တွေ့နေရပေမယ့် ရှဲ့ရန်က ဘာလုပ်မယ်ဆိုတာကိုတော့ သူ မခန့်မှန်းနိုင်ခဲ့ဘူး။

"စတော့ရှယ်ယာတွေနဲ့ ချေးငွေစာချုပ်တွေအပါအဝင် ကိုယ်ရဲ့နာမည်နဲ့ ပိုင်ဆိုင်မှုတွေ အားလုံးကို စုစည်းထားပြီး အဲ့တာတွေကို နှစ်ပိုင်းခွဲထားလိုက်ပြီ"

"အဲ့တာတွေက လင်နဲ့မယားကြားက ပူးတွဲပိုင်ဆိုင်မှုဆိုတော့ တစ်ဝက်ကို မင်းကို ပေးမယ်"

သူတို့အိမ်ထောင်ရေးအတွက် တရားဝင် အကာအကွယ် မရှိပေမယ့် အဲဒါက သူတို့အတွက် အတားအဆီး မဟုတ်ပါဘူး။ သူတို့ရဲ့အိမ်ထောင်ရေးအတွက် တရားဝင်အကာအကွယ် မရှိရင်တောင် သူက ထုံးတမ်းစဥ်လာတွေကို လိုက်နာမှာပါပဲ။ ဘာပဲဖြစ်ဖြစ် လူအများစုရဲ့ ဖိနှိပ်ချုပ်ချယ်ခြင်းထက် အချင်းချင်းရဲ့ ရိုးသားမှုက ပိုလိုအပ်တယ်။

သူ့သားရဲ့ဖေဖေက အချမ်းသားဆုံးဘီလျံနာWhere stories live. Discover now