အခန်း ၂၇ ( အပိုင်း ၂)
ရှဲ့ရန်က မကြာမီ သူ့ရဲ့စီးပွားရေးလုပ်ဖော်ကိုင်ဖက်ဖြစ်လာမည့် အခြားတစ်ယောက်နဲ့ တွေရမယ့်အကြောင်း ပြောပြခဲ့တယ်။
"ခင်ဗျား ဒီမနက် သူနဲ့ စကားပြောနေတာလား" ချန်ယန်က ပေါ့ပေါ့ပါးပါး မေးလိုက်တယ်။
"အင်း၊ သူလည်း ဒီတခေါက် အလုပ်ကိစ္စနဲ့ ခရီးထွက်လာတာဆိုတော့ တွေ့ဖို့ ချိန်းထားတာ"
ဓာတ်လှေကားက တတိယထပ်ကို ရောက်သွားပြီး ကျိုးဟွေ့က အရင်ထွက်ပြီး ဓာတ်လှေကားအပြင်ဘက်မှာ ရပ်နေကာ တံခါးဘောင်ကို ပိတ်ဆို့ပေးဖို့ သူ့လက်ကို တင်ထားလိုက်တယ်။
သီးသန့်ထိုင်ခုံက ဧည့်ခန်းထဲမှာ ရှိနေပြီး သီးသန့်အခန်းကို ကြိုတင်ဘွတ်ကင်လုပ်ထားတာပါ။ ဖက်စပ်လုပ်ငန်းလုပ်ကိုင်သူတွေက ထမင်းစားပွဲတစ်ခုမှာ ထိုင်နေကြပြီး ရှဲ့ရန်နဲ့ အခြားတစ်ယောက်တွေ ပေါ်လာတာနဲ့ တပြိုင်နက် နှစ်ဦးစလုံးက အလွန်ကြည့်ကောင်းနေကြပြီး လမ်းလျှောက်လာစဉ်မှာ လူအများရဲ့ အာရုံစိုက်မှုကို ရရှိခဲ့တယ်။
ဖက်စပ်လုပ်ငန်းလုပ်ကိုင်သူက ရှဲ့ရန်ကို တွေ့ပြီးတဲ့နောက် ရှဲ့ရန်ရဲ့နောက်ကို အကြိမ်အနည်းငယ် လှမ်းကြည့်လိုက်ပေမယ့် အမျိုးသမီးဆိုလို့တစ်ယောက်တောင် မတွေ့ရဘူး။ သူ့ရဲ့အမူအရာက အနည်းငယ် ပြောင်းလဲသွားပြီးတဲ့နောက်မှာ သူ့ရဲ့မျက်လုံးတွေက ချန်ယန်ဆီကို ပြန်ရောက်သွားခဲ့တယ်။
လူတွေ အနားကိုရောက်လာတာနဲ့အမျှ ဖက်စပ်လုပ်ငန်းပိုင်ရှင်က ချန်ယန်ကို အလျင်အမြန် မော့ကြည့်နေတယ်။ ကောင်လေးရဲ့ အသွင်အပြင်က ဂရုတစိုက် ဖန်တီးထားပုံရပြီး သူ့ရဲ့အသားအရေက ဖြူစင်ပြီး အပြစ်အနာအဆာကင်းနေကာ ရှားပါးလွန်းတဲ့ ရောင်ပမှုမျိုးရှိနေတယ်။
ဘယ်နေရာကိုပဲကြည့်ကြည့် ဆွဲဆောင်မှုရှိလွန်းနေတယ်။
ရှဲ့ရန်က ဒီလို ရင်သပ်ရှုမောဖွယ် အလှလေးကို ဘယ်မှာ ရှာတွေ့ခဲ့မှန်း မသိပေမယ့် သူက ဒါကို ကောင်းကောင်း ဖုံးကွယ်ထားတာ အံ့သြစရာ မရှိတော့ပါဘူး။ ဒီလို တိုက်ဆိုင်မှုသာ မရှိခဲ့ရင် ရှဲ့ရန်ရဲ့ဇနီးသည်ကို တွေ့ရဖို့ ခက်ခဲပါလိမ့်မယ်။
YOU ARE READING
သူ့သားရဲ့ဖေဖေက အချမ်းသားဆုံးဘီလျံနာ
RomanceHis Son Has a Richest Billionaires Dad Unicode: နှစ်တစ်ဝက်စာလောက် ခြိုးချန်ချွေတာပြီးတဲ့နောက်မှာတော့ ချန်ယန်တစ်ယောက် ဇိမ်ခံအပျော်စီးသင်္ဘောပေါ်မှာ ခုနစ်ရက်လောက် ပျော်ပါးဖို့ စာရင်းသွင်းလိုက်တယ်။ လမ်းမှာ စီအီးအိုတစ်ယောက်နဲ့ မတော်တဆ ဆုံမိသွားတယ်။ မကြ...