အခန်း ၁၈ သီချင်းဆိုပြိုင်ပွဲ
အဲ့နေ့မွန်းလွဲပိုင်းမှာ ရှန့်ကျားချီနဲ့ တွေ့ဆုံခဲ့ပေမယ့် ချန်ယန်က တခြားဘက်လှည့်ကို ပြန်လှည့်လိုက်တာနဲ့ သူက အခြားလူကို မေ့သွားတော့တယ်။ ဒီအခြေအနေမှာ သူက အရေးမကြီးတဲ့ သူတွေကို လျစ်လျူရူ့လိုက်မယ်ဆိုတဲ့ အတွေးထက် ဘာကိုမှ ပိုတွေးမနေပါဘူး။
ချန်ယန်က အဆောင်မှာနေတုန်းကဆိုရင် အခြေခံအားဖြင့် ကျောင်းကန်တင်းမှာ စားသောက်လေ့ရှိပြီး ရံဖန်ရံခါ ခေါက်ဆွဲခြောက်နဲ့ ဖြေရှင်းလိုက်တဲ့ အချိန်တွေတောင် ရှိခဲ့တယ်။
ဒါပေမယ့် လက်ရှိအခြေအနေက ထူးခြားနေတာကြောင့် သူ အရင်ကလို ဆက်မလုပ်နိုင်တော့ဘူး။ သူ့ကိုယ်သူ ဂရုမစိုက်ဘူးဆိုရင်တောင် ဗိုက်ထဲက ကလေးက ဆာလောင်နေလိမ့်မယ်။
အစပိုင်းမှာ ကလေးက မထင်မှတ်ဘဲရောက်လာပြီး ချန်ယန်ရဲ့ဘဝအစီအစဉ်မှာ လုံးဝ မပါဝင်ခဲ့ပေမယ့် ကလေးယူဖို့ ဆုံးဖြတ်လိုက်တဲ့ အချိန်ကစပြီး ချန်ယန်က သူ့စိတ်ကို ပိုင်းဖြတ်ထားပြီးပြီ။ သူက ကလေးလေး ကျန်းကျန်းမာမာနဲ့ ကြီးပြင်းလာဖို့ မျှော်လင့်နေခဲ့တယ်။
ကျောင်းကန်တင်းထဲက အစားအသောက်တွေက အရမ်းဆိုးတယ်လို့ မပြောနိုင်ပေမယ့် အရမ်းကောင်းတယ်လို့ ပြောလို့မရပါဘူး။ စွပ်ပြုတ်တွေရှိပေမယ့် အမျိုးအစားကတော့ အတူတူပါပဲ။
ဆရာရဲ့တိုက်ခန်းဟောင်းကို ပြောင်းနေပြီးတဲ့နောက်မှာ ချန်ယန်က အတန်းတွေ အများကြီး မရှိတဲ့ အားလပ်တဲ့ နေ့တွေဆိုရင် ဟင်းချက်စရာတွေ ဝယ်လာပြီး ကိုယ်တိုင်ချက်ပြုတ်ရတာကို သဘောကျတယ်။
သူ အွန်လိုင်းမှာ ရှာကြည့်တော့ ကိုယ်ဝန်ဆောင်တွေက အာဟာရရှိတဲ့ စွပ်ပြုတ်တွေ ပိုစားပေးတာ ကောင်းမယ်လို့ တွေ့ထားသေးတယ်။ သူမှာထားတဲ့ ပစ္စည်းကို ရပြီးတဲ့နောက်မှာ ချန်ယန်က အစားအသောက်တွေဝယ်ဖို့ စူပါမားကတ်ကို သွားခဲ့တယ်။ အရင်က သူ အင်တာနက်မှာ ပေါင်းအိုးတစ်လုံးကို မှာခဲ့တာပါ။ အဲ့တာက အသုံးပြုရလွယ်ကူပြီး စွပ်ပြုတ်လုပ်ရမယ့် အဆင့်တွေကို ရိုးရှင်းစေတာကြောင့် ဒုက္ခနည်းသွားစေတယ်။
YOU ARE READING
သူ့သားရဲ့ဖေဖေက အချမ်းသားဆုံးဘီလျံနာ
RomanceHis Son Has a Richest Billionaires Dad Unicode: နှစ်တစ်ဝက်စာလောက် ခြိုးချန်ချွေတာပြီးတဲ့နောက်မှာတော့ ချန်ယန်တစ်ယောက် ဇိမ်ခံအပျော်စီးသင်္ဘောပေါ်မှာ ခုနစ်ရက်လောက် ပျော်ပါးဖို့ စာရင်းသွင်းလိုက်တယ်။ လမ်းမှာ စီအီးအိုတစ်ယောက်နဲ့ မတော်တဆ ဆုံမိသွားတယ်။ မကြ...