Chapter 44.2

873 135 1
                                    

အခန်း ၄၄ (အပိုင်း ၂)

ရှောင်ယိုက တန်ဟုန်ကို စိုက်ကြည့်နေရင်း "မင်းရဲ့သူငယ်ချင်းတွေထဲက ဘယ်သူလဲ? ငါတို့ တောင် မသိလိုက်ဘူး"

သူတို့က နင်ချမ်းမှာ ရှိနေကြတာဖြစ်ပြီး နင်ချမ်းက ဘယ်သူမှာမှ Raphael မရှိဘူး။

တန်ဟုန်ရဲ့စကားတွေအရ အဲ့ကားက သိပ်မကြာခင်က သူ တွေ့လိုက်တဲ့ ကားမှန်း ရှောင်ယိုက နားလည်လိုက်တယ်။

ရှောင်ယိုက ကမ္ဘာကြီးက ကျဥ်းလွန်းတယ်လို့ပဲ ခံစားလိုက်မိတော့တယ် မဟုတ်ရင် ဒီလိုတိုက်ဆိုင်မှုမျိုးက ဘယ်လိုဖြစ်လာနိုင်မှာလဲ?

တိုက်ဆိုင်မှုဆိုတာက လွဲရင် အခြားရှင်းပြချက်လည်း မရှိနိုင်တာကြောင့် တန်ဟုန်မှာလည်း အဲ့လိုအလားတူ ခံစားချက်မျိုး ရှိခဲ့တယ်။

လူတစ်စုက Raphael ကို အချိန်အတော်ကြာ စွဲလန်းနေခဲ့ကြပြီး အခု တန်ဟုန်က မမျှော်လင့်ဘဲ အဲ့ကားနဲ့အတူ ရောက်လာတာကြောင့် သူတို့က ကော်ဖီသောက်တာကို ရပ်လိုက်ကြတယ်။

ဒီကားက သူ့ကိုယ်ပိုင်ကားမဟုတ်ပေမယ့် မောင်းရတဲ့အခါ တန်ဟုန်က တော်တော်လေး ကျေနပ်နေမိတယ်။

ဒါက ပြိုင်ကားတစ်စီးဖြစ်တာကြောင့် အပြေးမောင်းနှင်ရမယ်လေ၊ မဟုတ်ရင် အမှိုက်ဖြစ်သွားလိမ့်မယ်။

နောက်ပိုင်းမှာတော့ အားလုံးက သူတို့ရဲ့ကားတွေကို ကိုယ်စီမောင်းလာကြပြီး ပြင်ဆင်နေဆဲဖြစ်တဲ့ တောင်ပေါ်ပြိုင်ကားကွင်းဆီကို ထွက်ခွာလာကြတယ်။

ပြုပြင်ထိန်းသိမ်းရေးနဲ့ ပတ်သတ်ရင်တော့ အချို့နေရာတွေမှာ ခြံစည်းရိုးတွေကို ပြုပြင်နေဆဲပဲ။ တန်ဟုန်နဲ့ အခြားချမ်းသာတဲ့ ဒုတိယမျိုးဆက်တွေက ပြိုင်ကားတွေကို နှစ်သက်ကြပေမယ့် သူတို့က အရှက်အကြောက်ရှိပြီး အဓိကအချက်ကိုလည်း နားလည်ကြတယ်။

အခြားကားတွေက ပြိုင်ကားတွေဆိုပေမယ့်လည်း Raphael နဲ့ ယှဉ်ရင်တော့ ကွာခြားချက်တွေ အများကြီး ရှိနေသေးတယ်။

ပြီးတော့ ဒီလူအုပ်စုကြားထဲမှာ တန်ဟုန်ရဲ့ကားမောင်းကျွမ်းကျင်မှုက အကောင်းဆုံးပါ။ လူတိုင်းက တူညီတဲ့စမှတ်လိုင်းကနေ စတင်ခဲ့ကြတယ်။ ခဏအကြာမှာတော့ Raphaelက ဦးဆောင်နေခဲ့တယ်။

သူ့သားရဲ့ဖေဖေက အချမ်းသားဆုံးဘီလျံနာWhere stories live. Discover now