Part- 17

2.4K 289 2
                                    

အခန်း ၁၇ ဘောလုံးနဲ့ထွက်ပြေးဖို့က...

ညစာစားပြီးတော့ ရှဲ့ရန်က ချန်ယန်ကို ကျောင်းကို ပြန်ပို့ပေးတယ်။ ကားက ကျောင်းတံခါးအပြင်ဘက်သို့ မောင်းနှင်နေတာကြောင့် ချန်ယန်က "ဒီမှာ ရပ်လိုက်ပါ"

ထမင်းစားနေတုန်းမှာ တစ်ခုခုမှားနေသလိုပုံစံမျိုးနဲ့ ရှဲ့ရန်က ထမင်းစားနေရင်းတန်းလန်းနဲ့ ဖုန်းပြောနေတာကို ချန်ယန်က တွေ့လိုက်တယ်။

Sပြည်နယ်ရဲ့ အချမ်းသာဆုံးပုဂ္ဂိုလ်အနေနဲ့ ရှဲ့ရန်မှာ အလုပ်တွေ အများကြီးရှိနေမှာ သေချာတယ်။ အရင်က အပျော်စီးသင်္ဘောခရီးစဥ်ကို ချန်ယန်က အပျော်သဘောသက်သက်သာ သွားခဲ့ပေမယ့် ရှဲ့ရန်က ညတိုင်း သူ့လက်ပ်တော့နဲ့ အလုပ်လုပ်လေ့ရှိတယ်။

"မင်း ဘယ်မှာနေတာလဲ?"

ရှဲ့ရန်က သူ့လက်ထောက်ကို ကားရပ်ဖို့ မပြောတာကြောင့် ကားက ကျောင်းဝင်းဆီကို ဆက်လက်မောင်းနှင်နေခဲ့တယ်။

ချန်ယန်က တစ်ခဏမျှ တိတ်ဆိတ်သွားတယ်။ ထိုလူရဲ့ မျက်နှာပေါ်က တည်တည်ငြိမ်ငြိမ်ရှိနေတဲ့ အမူအရာကြောင့် ထိုလူက သူနေထိုင်ရာတဲ့နေရာကို သိချင်နေလိမ့်မယ်လို့ သူခန့်မှန်းလိုက်တယ်။

ဒီအမျိုးသားက ကိုယ်ဝန်အကြောင်းကိုတောင် သိထားပြီးဖြစ်တာကြောင့် အခြားအရာတွေကို ဒီအမျိုးသားဆီကနေ ဖုံးကွယ်ထားဖို့ မလိုအပ်တော့ဘူး။

"ရှေ့ကိုသွား၊ ညာဘက်ကို ကွေ့လိုက်ရင် ဝင်ပေါက်တစ်ခုရှိတယ် ဝင်သွားပြီး အဆုံးအထိ မောင်းလိုက်ပါ"

ချန်ယန်က သူ့မျက်လုံးတွေကို ပြန်လှည့်လာပြီး ရှေ့မှ ကားမောင်းသူကို ပြောလိုက်တယ်။

သူက နောက်ကို ပြန်ကြည့်လိုက်ပြီး "ကျွန်တော်က အဆောင်ကနေ ပြောင်းလာတာ ကြာပြီ၊ အခု ဆရာတစ်ယောက်ရဲ့ တိုက်ခန်းဟောင်းမှာ နေနေတယ်"

ရှဲ့ရန်က ဤကိစ္စတွေကိုစုံစမ်းရန် လူတွေကို စေလွှတ်ထားပြီးဖြစ်ပေမယ့် ရှဲ့ရန်က သူ့ကို စုံစမ်းစစ်ဆေးနေကြောင်း ချန်ယန်က မသိခဲ့ပေ။

"ဘယ်အချိန်အထိ ငှားထားတာလဲ" ကျောင်းဝင်းအတွင်းက လမ်းတစ်ဖက်တစ်ချက်စီမှာ ဖန်းပင်တွေကို အတန်းလိုက်စိုက်ထားတယ်။ အခုအချိန်မှာတော့ အရွက်တွေ ညှိုးနွမ်းနေပြီး အပွင့်များက ပြန့်ကျဲနေကာ မြေပြင်ပေါ်မှာ အဝါရောင်အလွှာပါးလေး တစ်ခုရှိနေတယ်။

သူ့သားရဲ့ဖေဖေက အချမ်းသားဆုံးဘီလျံနာWhere stories live. Discover now