ချစ်ခြင်းဖြင့်တေးဖွဲ့သီ(p-1)

2.5K 52 2
                                    

ရှောင်းကျန့်တစ်ယောက်စာလုပ်နေရင်းဘေးအိမ်ကဆူညံသံများကြောင့်ရပ်သွားသည်။အဘယ်ကြောင့်ဆိုတစ်ဖက်တိုက်၏ဆူညံစွာထွက်ပေါ်လာသောလျှပ်စစ်ဂစ်တာကြောင့်ပင်ဖြစ်သည်။
ထို့ကြောင့်အခန်းထဲကပြတင်းပေါက်မှတစ်ဖက်ခြံကိုကြည့်လိုက်မိတော့တစ်ဖက်ခြံ၏တိုက်ကြီးအပေါ်ထပ်အခန်းကျယ်ကြီးတစ်ခုမှာဖြူ‌ေသာအသားတွင်အနက်ရောက်စွပ်ကျယ်လက်ပျက်နှင့်ဂျင်းဘောင်းဘီနက်ပြာတို့ဖြင့်ဆံပင်ကုပ်ထောက်ရှည်များကမျက်နှာကိုအုပ်မိုးလျက်တစ်လောကလုံးသူ့တစ်ယောက်ထဲရှိတဲ့ပုံနှင့်လျှပ်စစ်ဂစ်တာတီးနေသောလူတစ်ယောက်ကိုမျက်မှောင်ကြုတ်လိုက်မိသည်။

"ဘယ်လိုလူလဲမသိဘူး..........ဘေးအိမ်တွေကို......အားနာမယ်မရှိဘူး"

ထို့အချိန်

"သား‌ေရ.........ကျန့်ကျန့်ရေ.."

"ဗျာ.....မား"

"စာလုပ်ပြီးပြီလားသား..."

"မပြီးသေးပါဘူးမားရယ်.........ဟိုဘက်အိမ်က.....ဒီလောက်ဆူညံနေတာ"

ကျန့်တစ်ယောက်နှုတ်ခမ်းလေဆူကာပြောတော့ မားကပြုံးသည်။

"သည်းခံလိုက်ပါသားရယ်.......
ပတ်ဝန်းကျင်ဆိုတာဒီလိုပါဘဲ ပြီးတော့......သူအိမ်ထဲမှာသူဆူတာပဲ။"

မားကအနေအေးသူပီပိသူကြိုနှစ်သိမ့်၏တကယ်ဆိုရှောင်းကျန့်ကအနေအေးသူပါ။ဒါပေမဲ့အသက်ငယ်တဲ့သူကတော့သည်းမခံနိုင်တာအမှန်ပင်မဟုတ်လျှင်မခံတတ်သောစိတ်ခလေးရှိတာကြောင့်

"ဒါပေမဲ့မားရယ်......... ဒီလောက်ကြီးဆူညံနေတာကတော့လွန်ပါတယ်..... အနားမှာပတ်ဝန်းကျင်က.....အိမ်တွေရှိတယ်ဆိုတာ သိရမှာပေါ့။"

"သူတို့ကရောက်စမို့နေမှာပါ....... မမဝမ်တို့ကမဆိုးပါဘူး"

"ဟင်...မားက ........အဲ့အိမ်ကလူတွေနဲ့သိလို့လား"

"ဪ....သားကျောင်းသွားတုန်းကအိမ်ကို လာကြတယ်လေ။အိမ်နီးချင်းတွေ.......... မဟုတ်လား ပြိးတော့သူတို့မှာသားတစ်ယောက်သမိးတစ်ယောက်ရှိတယ်။.............သမီိးလေးကအကြီး အိမ်ထောင်နဲ့လေ။သားကတော့....... စီးပွားရေတက်ကသိုလ်က ပထမနှစ်တဲ့။"

ချစ်ခြင်းဖြင့်တေးဖွဲ့သီ Where stories live. Discover now