"ဘာပြောတယ်........သားကျန့်ကလက်မထပ်နိုင်ဘူးဟုတ်လား...."
မား၏အလန့်တကြားအမေးကိုရှောင်းကျန့်ငြိမ်သက်စွာပဲခေါင်းညိတ်ကြလိုက်သည်။မားကသူ၏မတုန်မလှုပ်အမှုအရာကြောင့် ရင်ဘတ်ဖိမိသည်။
"သားကျန့်......ဘယ်လိုဖြစ်တာလဲ သားနဲ့ဝမ်ရိပေါ်ခိုးရာလိုက်ပြေးသွားတယ်ဆိုတာ.........ပတ်ဝန်းကျင်တစ်ခုလုံးသိနေတယ်............ဒါကို သားက သူနဲ့လက်မထပ်ဘူးဆိုတော့.........မားတို့ကို တစ်ရှက်ကနေ နှစ်ရှက်ဖြစ်အောင် လုပ်နေတာလား"
ရှောင်းကျန့်မနက်ထဲကပြန်ရောက်ကာ မားရင်ခွင်ထဲဝင်ကာငိုနေမိသည်။
"မား သားကို သူ....သူ.....အဟင့်....ဟင့်"
ရှောင်းကျန့်ငိုချလိုက်တာကြောင့် ရိပေါ်မျက်နှာပျက်စွာ ကြည့်နေ၏။အန်တီဝမ်က မားစီကနေသူ့ကိုအမြန်ဆွဲယူနှစ်သိမ့်သည်။
"သားမိုက်အတွက် အန်တီဝမ်...........ဘယ်လိုပြောရမှန်းမသိတော့ပါဘူး...ညီမရှောင်းကိုလဲ အထူးတောင်းပန်ပါတယ် ဖြစ်လာပြီးမှတော့ အစ်မတို့ဘက်က.....တာဝန်ရှိသူတွေမို့ ညီမရှောင်းတို့ ကြိုက်သလိုေတာင်းဆိုပါ.....အစ်မတို့လိုက်လျောပါ့မယ်"
"ခုလိုပြောပေးလို့ ကျေးဇူးတင်ပါတယ် အစ်မဝမ်......ညီမသားလေးနဲ့တိုင်ပင်လိုက်ပါအုံးမယ်..."
"ကောင်းပါပြီရှင်....လာသွားကျမယ်........သားဝမ်"
ရိပေါ်မားဆွဲခေါ်ရာကိုမလိုက်သေးဘဲကျန့်ကိုတောင်းပန်သောမျက်ဝန်းများဖြင့်ကြည့်နေမိသည်။
"ကျန့်......ဘာကိုဘဲ ဆုံးဖြတ်ဖြတ်ကိုယ့်အပေါ်.......မရက်စက်ပါနဲ့လို တောင်းပန်ပါတယ်"
ရှောင်းကျန့်တစ်ချက်ရှိုက်ကာ အံကြိတ်လိုက်သည်။
"မင်း.......ထွက်သွားပါ"
"သားဝမ်ရယ်.......လာပါ။သားကျန့်စိတ်ဆိုးနေတုန်းမို့ပါ"
အန်တီဝမ်က သူ့ကိုစာနာစွာကြည့်ကာ ရိပေါ်ကိုခေါ်လျက်ထွက်သွားသည်။အခုတော့သူတို့မိသားစုဘဲကျန်ခဲ့တာကြောင့် ထိုအကြောင်းကိုဆက်ဆွေးနွေးကျသည်။
"သား....သူ့ကိုမယူနိုင်ဘူး....ပြီးတော့ ချစ်လဲမချစ်ဘူး...မား"
သူ့စကားကြောင့်မားကထိတ်လန့်စွာမေးသည်။
YOU ARE READING
ချစ်ခြင်းဖြင့်တေးဖွဲ့သီ
Fanfictionဒီဇာတ်လမ်းလေးထဲမှာတော့ ပထမနှစ်ကျောင်းသားလေးရိပေါ်နဲ့ နောက်ဆုံးနှစ်ကျောင်းသားလေးကျန့်ကျန့်တို့ပေါ့နော်။ ရိပေါ်ကကျန့်ကျန့်ကိုမြင်မြင်ချင်းချစ်သွားပေမဲ့မာနခဲလေးကျန့်ကျန့်ကတော့ရိပေါ်ကိုသိပ်မုန်းနေတာပေါ့။။တနေ့မှာတော့ကျန့်ကျန့်ကမိဘတွေသဘောတူတဲ့ဆရာဝန်တစ်ဦး...