ချစ်ခြင်းဖြင့်တေးဖွဲ့သီ(p-12)

784 37 2
                                    

"ဝုန်း..."

"အား...!"

ရုတ်တရက် ကားကို ရှောင်လိုက်ပေမဲ့တစ်ဖက်ကသစ်ပင်နှင့်သွားတိုက်ကာ မမျှော်လင့်သောအဖြစ်အပျက်တို့နှင့်ရင်ဆိုင်ရလေပြီ။

ရိပေါ်တစ်ယောက် မျက်လုံးတွေ အထူးလေးလံနေ၏။ ထိုစဉ် နားထဲမှာခေါ်သံသဲ့သဲ့ကြားရသလိုလို ဖြစ်နေစဉ်.......

"သား......သားဝမ်"

"ရိပေါ်.....ရိပေါ်"

ထိုအသံများကြောင့် သူမျက်လုံးကိုအားယူဖွင့်ကြည့်လိုက်၏။

"ဟင်.....သားဝမ်........သားဝမ် သတိရလာပြီ"

"ရိပေါ်.....မောင်လေး"

ပထမ မသဲကွဲရာမှ နောက်တော့ပီပြင်သဲကွဲစွာမြင်လာသည်။

"မား"

"သားဝမ်"

"မမ"

"‌ရိပေါ်"

"ပါး"

"သား"

ကြည့်စမ်းသူ‌့ဘေးမှာ ရောက်နေတဲ့လူအားလုံးက သူ့မိသားစုဝင်တွေပါလား။

"ကျွန်တော် ဘယ်ရောက်နေတာလဲ ဟင်"

"သား.....ကားအက်စီးဒင့်ဖြစ်ပြီး ဆေးရုံရောက်နေတာ "

"ဪ"

အခုမှ သူဖြစ်အပျက်အားလုံးကို ရုတ်တရက်သတိရလာသည်။ ထိုအခါ တစ်စုံတစ်ယောက်ကို ပြင်းပြစွာရှာမိသည်။

"မား....ကျန့်....ကျန့်ကော"

ရိပေါ်ဘာမေးတယ်ဆိုတာသိတာမို့ မိသားစုအားလုံးမျက်နှာပျက်သွားကြသည်။

"မား....မမ ကျွန်တော်မေးနေတယ်လေ ကျန့်ကောလို့ ကျန့်...."

သူ၏ထပ်ဆင့်အမေးမှာ မားတို့မျက်စိပျက်မျက်နှာပျက်နှင့် တစ်ယောက်ကိုတစ်ယောက်ကြည့်နေကြသည်။

ရိပေါ်ရင်ထဲမှာ ကျန့်အတွက် စိုးရိမ်ပူ‌ေလာင်နေရပါပြီ။
ကျန့် ဘာဖြစ်သွားတာလဲ။
သိချင်စိတ်တွေ သူ့ရင်ထဲမှာ ပြင်းထန်လာတာကြောင့် ဇွတ်ရုန်းကာ အထ.........

"အား........"

"အို....သားဝမ် မထနဲ့ဦးလေ။သားမှာ ဒဏ်ရာတွေနဲ့.."

ချစ်ခြင်းဖြင့်တေးဖွဲ့သီ Where stories live. Discover now