ထိုနေ့ကစပြီးဝမ်ရိပေါ်တစ်ယောက်ကျန့်တို့အိမ်ကိုချောင်းပေါက်မတတ်သွားနေမိသည်။အိမ်ကိုသွားတိုင်းကျန့်ကိုမတွေ့ရဘဲလူကြီးတွေနဲ့တာတွေ့ရတာများသည်။သူ့ကိုတမင်ကျန့်ကရှောင်နေမှန်းသူရိပ်မိသည်။
ရှောင်းကျန့်စာလုပ်နေရင်းသီချင်းသံကြောင့်ဝရံတာကိုထွက်ကြည့်လိုက်ဝော့ာသူ့အခန်းဘက်ကိုကြည့်ကာသီချင်းဆိုနေသောဟိုလူကိုေတွ့တော့မျက်မှောင်ကြုတ်လိုက်မိသည်။မတွေ့ချင်လိုတမင်ရှောင်နေပါတယ်ဆိုသီချင်းကိုကလူကိုရွဲ့စောင်းပြီးဆိုနေသလိုဘဲတကယ်စိတ်အနှောက်ယှတ်ဖြစ်မိသည်။
"မား..."
"ပြောလေသားကျန့်"
"သားအပြင်ခနသွားလိုက်အုန်းမယ်နော်"
"စောစောပြန်လာနော်.....သားကျန့်"
"ဟုတ်.....မား"
ရှောင်းကျန့်မားကိုပြောပြီးအပြင်သွားဖို့ကားမှတ်တိုင်ကိုထွက်လာစဉ်
ကျွီ.....
"အမလေး...!"
အနားကိုအတင်းကပ်ကာရပ်လိုက်သောဆိုင်ကယ်ကြောင့်လန့်သွားမိသည်။
"ကျန့်...."
"........."
"အပြင်သွားမလို့လား.."
"ဟုတ်တယ်"
"ကိုယ်လိုက်ပို့မယ်လေ"
"မလိုဘူး."
"ကိုယ့်ကိုအားမနာပါနဲ့ကျန့်ရယ်.... ကိုယ်လိုက်ပို့ချင်လို့ပါ"
"ဘယ်လိုဖြစ်နေတာလဲဝမ်ရိပေါ်..... မင်းကိုအားနာလို့လဲမဟုတ်ဘူးတမင်မလိုက်ချင်တာ"
"ကျန့်ရာ တစိမ်းအရမ်းမဆန်ပါနဲ့"
"ဒီမှာမင်းကိုတစိမ်းဆန်ရအောင်လဲမင်းနဲ့ငါ့မှာအဲ့လောက်ခင်မင်မှု့မရှိဘူး.."
"................"
"အဲ့တာကြောင့်ငါကိုလိုက်မနှောက်ယှတ်ပါနဲ့....... အခုတော့ငါ့ရှေ့ကဖယ်တော့"
ရိပေါ်သူရှေ့ကထွက်သွားတဲ့ကျောပြင်လေးကိုငေးကြည့်ရင်း
"ကိုယ်ကတော့မင်းနဲ့ရင်းနှီးချင်တယ်ကျန့်....မင်းကိုကိုယ်တကယ်ချစ်မိတာပါ ဒါပေမဲ့မင်းကတော့ကိုယ့်အပေါ်တစိမ်းဆန်ပြိီးဘာကြောင့်အရမ်းမုန်းတီးနေရတာလဲကျန့်ရယ်။"
YOU ARE READING
ချစ်ခြင်းဖြင့်တေးဖွဲ့သီ
Fanfictionဒီဇာတ်လမ်းလေးထဲမှာတော့ ပထမနှစ်ကျောင်းသားလေးရိပေါ်နဲ့ နောက်ဆုံးနှစ်ကျောင်းသားလေးကျန့်ကျန့်တို့ပေါ့နော်။ ရိပေါ်ကကျန့်ကျန့်ကိုမြင်မြင်ချင်းချစ်သွားပေမဲ့မာနခဲလေးကျန့်ကျန့်ကတော့ရိပေါ်ကိုသိပ်မုန်းနေတာပေါ့။။တနေ့မှာတော့ကျန့်ကျန့်ကမိဘတွေသဘောတူတဲ့ဆရာဝန်တစ်ဦး...