ချစ်ခြင်းဖြင့်တေးဖွဲ့သီ(p-15)

802 42 2
                                    

အိစက်နုထွေးလှတဲ့ ကျန့်ကိုယ်‌ေလးကိုယ်သာ ရင်နာစွာဖြင့်တအားဖက်ပြီးလွမ်းဆွတ်တမ်းတခဲ့သမျှ အတိုးချကာ ဇွတ်ချစ်မိတော့သည်။

"မောင်"

မျက်နှာပေါ်သို့ ညင်သာစွာကျရောက်လာသော အနမ်းနှင့်အတူ ကြည်လင်နူးညံ့စွာ ခေါ်လိုက်သော အသံလေးကြောင့် အိပ်ပျော်နေရာမှ ရိပေါ်နိုးလာခဲ့၏။

"ဟင်.....ကျန့်"

ဘယ်ချိန်က အိပ်ရာထသွားမှန်းမသိတဲ့ ကျန့်က ရေမိုးချိုးပြင်ဆင်ပြီး မွှေးကြိုင်လန်းဆန်းနေသည်ကို တွေ့လိုက်ရသည်။ ကျန့်က ပြုံး၍ သူမျက်နှာကိုကြည့်လာကာ.........

"ထတော့လေ.....မောင်"

"ကြည့်စမ်း  ကျန့် ဘယ်တုန်းက အိပ်ရာထသွားတာလဲ"

ကျန့်ခါးလေးကို လှမ်းဖက်ကာ သူမေးလိုက်သည်။

"ကြာပြီ မောင်ရဲ့"

"ဘာလို့ မောင့်ကို မစောင့်တာလဲ၊မောင်နဲ့အတူ အိပ်ရာထမှပေါ့ကွ"

ရိပေါ်ပြောလိုက်တော့ ကျန့်ကပြုံးကာ သူ့နှာခေါင်းကိုဖွဖွဆွဲလိမ်သည်။

"မောင်က အိပ်နေတာ ကာလနဂါးကြီးကျနေတာဘဲသိလား၊ပြီးတော့ ကျန့်က အိပ်ရာစောစောထတတ်လို့ပါ မောင်ရဲ့..."

သင်းပျံမွှေးကြိုင်နေသော ကျန့်ကိုယ်လေးကို သူ့ရင်ခွင်ထဲဆွဲယူလိုက်၏။

"ဟိတ်......မောင် မကဲနဲ့၊ထတော့လေကွာ"

"ထစေချင်ရင်....."

ရိပေါ်ပါးတစ်ဖက်ထိုးပေးလိုက်တာကြောင့် ကျန့်ကမျက်နှာလေးပန်းရောင်သန်းလျက် မျက်စောင်းထိုးလာ၏။

"ကဲ......မျက်စိမှိတ်ထား‌နော် မောင်"

"ဟုတ်ကဲ့ပါဗျ"

ရိပေါ်မျက်စိမှိတ်ပြီးမကြာပါ ညင်သာသော အနမ်းလေးနှစ်ခုက သူ့ပါးပြင်ပေါ် ကျရောက်လာခဲ့သည်။

"ကျန့်.....မောင့်အချစ်ရယ်"

"ဟာ......မောင်ကလဲ"

ရိပေါ်နမ်းဖို့ပြင်တော့ကျန့်က လက်ခလေးဖြင့် သူ့ရင်ဘတ်ကို တွန်းဖယ်လာ၏။

"မောင်ကလဲ....မျက်နှာလဲမသစ်ရသေးဘဲနဲ့ကွာ၊ကဲ...ထပါ၊ကျန့်သွားပွတ်တံမှာ သွားတိုက်ဆေးအသင့်ထည့်ပေးပြီးပါပြီခင်မျ"

ချစ်ခြင်းဖြင့်တေးဖွဲ့သီ Where stories live. Discover now