"မင်း အခွင့်ရေးသမား၊မင်းကိုမုန်းတယ်"
"ဖြန်း....."
"ဟင်....ကျန့်ရယ်"
စိမ်းကားမုန်းတီးသော အသွင်လေးနှင့် ကျန့်က သူ့ပါးကိုရိုက်လိုက်တာကြောင့် ရိပေါ် ကျန့်အားတောင်းပန်စွာကြည့်မိသည်။
"မကျေနပ်ရင် မောင့်ကို ထပ်ရိုက်ပါဦး ကျန့်၊တစ်နေ့ဒီလို့ဖြစ်လာမယ်ဆိုတာ မောင်သိခဲ့ပါတယ်"
"ဪ.....သိရက်နဲ့မင်းက ငါ့အပေါ်အခွင့်အရေးယူခဲ့တယ်ပေါ့ ဟုတ်လား ဝမ်ရိပေါ်"
ကျန့်က ပုခက်ထဲတွင် နှစ်ခြိုက်စွာ အိပ်ပျော်နေသော သားကိုတစ်ချက်လှမ်းကြည့်ပြီးပြောနေသည်။
ရိပေါ်ညင်သာစွာ ခေါင်းခါယမ်းလိုက်၏။
"မောင့်ကို ဒီလိုမပြောပါနဲ့ကွာ၊မောင် ကျန့်အပေါ် အခွင့်အရေးယူတယ်ဆိုတာထက်၊ကျန့်ကိုယ်တိုင်ကလဲ မောင့်အပေါ်....."
ထိုအခါ ကျန့်ကမျက်နှာလေးများ နီရဲလျက်အော်သည်။
"အား....ငါက မေ့နေတဲ့လူပဲ၊မင်း....မင်း....မင်းက ထိန်းသိမ်းရမှာလေ"
ရိပေါ် ခေါင်းငိုက်စိုက် ကျသွား၏။ကျန့်ဟာ သူလက်ထပ်ထားတဲ့ အမျိုးသားလေးတစ်ယောက်ပဲ။အဲ့တာကိုသူဆိုတဲ့ ဝမ်ရိပေါ်က ကျန့်အပေါ် ဘယ်လိုစိတ်ထိန်းနိုင်မှာလဲ။
"ကျန့်ရယ်....မင်းသိပါတယ်၊မင်းမုန်းနေတဲ့ကြားကတောင် မင်းကိုမောင် ချစ်ခဲ့တယ်ဆိုတာ..."
"ငါ....ငါ မကြားချင်ဘူး"
ကျန့်က နားနှစ်ဖက်ကို ဆတ်ခနဲပိတ်လေ၏။ကျန့်ရဲ့ စိမ်းကားတဲ့မျက်နှာလေးကို ရင်နာစွာ ရိပေါ်ကြည့်လိုက်သည်။
"မောင်....မောင် ဘာလုပ်ပေးရမလဲ ဟင်"
"မင်း ငါ့ရှေ့က အမြန်ဆုံး ထွက်သွားပါ"
ရိပေါ် အံတစ်ချက် ကြိတ်လိုက်၏။အရင်တုန်းက သူ့အပေါ်ကြင်နာတတ်တဲ့ ကျန့်ပုံစံလေးကို တမ်းတလွမ်းဆွတ်မိလာသည်။ဒါပေမဲ့ အခုဘယ်လိုမှ ပြန်မရနိုင်တော့ဘူးဆိုတာ သိပြန်တော့ သူ့ရင်ထဲနာကျင်ရပြန်၏။
"ကောင်းပါပြီ၊ကျန့် စိတ်ချမ်းသာအောင် နေပါ၊မောင် ဟိုဘက်ခန်းမှာ ရှိနေမယ်"
YOU ARE READING
ချစ်ခြင်းဖြင့်တေးဖွဲ့သီ
Fanfictionဒီဇာတ်လမ်းလေးထဲမှာတော့ ပထမနှစ်ကျောင်းသားလေးရိပေါ်နဲ့ နောက်ဆုံးနှစ်ကျောင်းသားလေးကျန့်ကျန့်တို့ပေါ့နော်။ ရိပေါ်ကကျန့်ကျန့်ကိုမြင်မြင်ချင်းချစ်သွားပေမဲ့မာနခဲလေးကျန့်ကျန့်ကတော့ရိပေါ်ကိုသိပ်မုန်းနေတာပေါ့။။တနေ့မှာတော့ကျန့်ကျန့်ကမိဘတွေသဘောတူတဲ့ဆရာဝန်တစ်ဦး...