"ကောင်းသွားပါပြီကျန့်ရယ့်........မောင်လေဆေးရုံမှာနေတဲ့တစ်ချိန်လုံး ကျန့်ကိုလွမ်းနေတာ..."
ကျန့်လက်လေးကိုပို၍ဖျစ်ညှစ်ဆုပ်ကိုင်လိုက်ရင်းကျန့်မျက်နှာလေးကိုလွမ်းဆွတ်စွာစိုက်ကြည့်ကာပြောလိုက်၏။
တကယ်လည်းကျန့်ကိုပြင်းထန်စွာ ရိပေါ်သတိရလွမ်းဆွတ်နေခဲ့တာပါပဲ။ကျန့်တစ်ခုခုဖြစ်မှာကို စိုးရိမ်လိုက်ရတာ ရင်ဘက်တစ်ခုလုံးမီးတောက်မတတ်။သည်တော့မှ ကျန့်အပေါ်သူဘယ်လောက်ချစ်မိတယ်ဆိုတာ ရိပေါ်ပိုသိလာသည်။
"မားတို့ပြောလို့ ကျန့်လဲ သူ့ကိုသတိရပါတယ်"
"ဟင်....တ...တကယ်လား ကျန့်"
ကျန့်ကပြုံး၍ခေါင်းညိတ်ပြသည်။ရိပေါ်စိတ်မထိန်းဖြစ်ကာဖျတ်ခနဲ ကျန့်ကိုယ်လေးကို ရင်ခွင်ထဲဆွဲယူလိုက်သည်။
"ကျန့်ရယ်.."
"ဟို.....လွှတ်.....လွှတ်ပါ မားတို့မြင်လိမ့်မယ်"
ကျန့်ကရှက့်လန့်တကြားရုန်းတော့ ရိပေါ်ညင်သာစွာဖြေလွှတ်ပေးလိုက်၏။ကျန့်မျက်နှာလေးက မိန်းမပျိုလေးတစ်ယောက်လို နီရဲနေသည်။ထိုပုံစံလေးကို ရိပေါ်ပို၍ ချစ်မြတ်နိုးသွားရသည်။
"မင်း.."
"ကျန့်ကထိုသိုခေါ်ပြီးမှတစ်စုံတစ်ရာကို အားနားဟန်ဖြင့် သူ့ကိုအပြုံးလေဖြင့် ကြည့်လာသည်။
"ဆောရီးနော် .....ဟိုးအရင်က မင်းကို ကျန့်ဘယ်လိုခေါ်လဲ သိလို့ရမလားဟင်"
"ဪ...ကျန့်ရယ်"
ထိုအမေးကြောင့်ရိပေါ်သက်ပျင်းချလိုက်မိသည်။သူကို့လက်ထပ်ခဲ့ပေမဲ့ကျန့်ဘက်က တင်းမာခဲ့တာကြောင့်ဘာနာမ်စားမှ မခေါ်ခဲ့ပါ။
သူကသာကိုယ့်ကိုယ်ကို"မောင်"ဟု ထပ်ခါတလဲလဲသံးစွဲပြောခဲ့သည်။ယခုတော့ ကျန့်ဟာတကယ်ဘဲ ဘာကိုမှသတိမရပါလား။
ရိပေါ်စိတ်မကောင်းစွာကျန့်မျက်နှာလေးကိုငေးစိုက်ကြည့်လိုက်မိ၏။
ပကတိအတိုင်း ကျန့်မျက်နှာလေးက အေးချမ်းသိမ်မွေ့နေသည်။သူဆူံးဖြတ်ချက်တစ်ခုချလိုက်၏။ထို့ကြောင့် ရိပေါ် ပြုံးလိုက်ရင်း....
YOU ARE READING
ချစ်ခြင်းဖြင့်တေးဖွဲ့သီ
Fanfictionဒီဇာတ်လမ်းလေးထဲမှာတော့ ပထမနှစ်ကျောင်းသားလေးရိပေါ်နဲ့ နောက်ဆုံးနှစ်ကျောင်းသားလေးကျန့်ကျန့်တို့ပေါ့နော်။ ရိပေါ်ကကျန့်ကျန့်ကိုမြင်မြင်ချင်းချစ်သွားပေမဲ့မာနခဲလေးကျန့်ကျန့်ကတော့ရိပေါ်ကိုသိပ်မုန်းနေတာပေါ့။။တနေ့မှာတော့ကျန့်ကျန့်ကမိဘတွေသဘောတူတဲ့ဆရာဝန်တစ်ဦး...