တစ်မနက်လုံးချက်ပြုတ်နေသောရှောင်းကျန့်မှာမောင်ရဲ့စကားလေးတစ်ခွန်းကြောင့်အမောပြေသွားရသည်။
ထမင်းစားပြီးအချိုပွဲတည်းရန် ပန်းသီးစိတ်လေးကို မောင့်အားတစ်စိတ်ချင်းခွံ့ကျွေးမိ၏။
ရိပေါ်သူ့ကိုပန်းသီးစိတ်လေးများခွံကျွေးနေသောကျန့်အားကြည်နူးစွာဖြင့် ပြန်လည်ခွံ့ကျွေးရင်းတလောကလုံးသူတို့နှစ်ယောက်တည်းရှိသည်ဟု ထင်မိလေသည်။
"ကျန့်"
"ပြောလေ မောင်"
"ခုလိုဘဝလေးကို မောင် အမြဲတမ်းရချင်မိတယ်အချစ်ရယ်"
"ရမှာပေါ့ မောင်ရဲ့၊ကျန့်က မောင့်အနားမှာတစ်သတ်လုံး အနားမှာအမြဲရှိနေမှာပဲဟာကို"
"ကျန့်ရယ်"
ရိပေါ်လဲကျန့်ကိုသူ့အနားမှာတစ်သက်လုံးရှိစေချင်ပါ၏။ဒါမှ သူ့ဘဝလေးကသာယာလှပမှာလေ...။
အချိုတည်းပြီးတော့ ခြံထဲဆင်း၍ လက်ချင်းကိုင်ကာ လမ်းလျှောက်မိသည်။
"ပန်းလေးတွေက သိပ်လှတာပဲနော်....မောင်"
ရိပေါ်ပြုံးလိုက်ကာ......
"မောင့်အတွက်တော့ ကျန့်ကအလှဆုံးပဲ"
"တစ်ဂယ်လားဟင်...မောင်"
"တကယ်ပေါ့ဗျာ၊ဟောဒီကမ်ဘာကြီးမှာ မောင်ချစ်ရတဲ့အမျိုးသားလေးကျန့်က အချောဆုံးအလှဆုံးပါဗျာ"
"အဟင်း...ဟင်း....သိပ်ပိုတာပဲ မောင်ရယ်"
သူတို့ရယ်လေးသံလေးတွေက ပန်းခြံလေးထဲမှာ မူးကြွစွာ ထွက်ပေါ်လာ၏။
"မောင်"
"ဗျာ"
"ကျန့်ကို တစ်သတ်လုံး ဒီလိုပဲချစ်ရမယ်နော်"
အပြုံးလေးနဲ့ပြောလာသော ကျန့်ကြောင့် ရိပေါ်ရူးချင်လာမိ်၏။
ကျန့်ကိုချစ်လွန်းလို့တောင် ဒီဝမ်ရိပေါ်ဆိုတဲ့ကိုယ်က တဇွတ်ထိုးသိမ်းပိုက်ထားရပေမဲ့ကျန့်မုန်းမှာကိုတော့ သေလောက်အောင်ကြောက်မိပါသည်။"နော်လို့.....မောင်"
"စိတ်ချပါဗျာ၊ဒီတစ်သတ်မကဘူး ဘဝအဆက်ဆက် ကျန့်တစ်ယောက်ထဲကို မောင်ချစ်နေမှာပါကွာ"
YOU ARE READING
ချစ်ခြင်းဖြင့်တေးဖွဲ့သီ
Fanfictionဒီဇာတ်လမ်းလေးထဲမှာတော့ ပထမနှစ်ကျောင်းသားလေးရိပေါ်နဲ့ နောက်ဆုံးနှစ်ကျောင်းသားလေးကျန့်ကျန့်တို့ပေါ့နော်။ ရိပေါ်ကကျန့်ကျန့်ကိုမြင်မြင်ချင်းချစ်သွားပေမဲ့မာနခဲလေးကျန့်ကျန့်ကတော့ရိပေါ်ကိုသိပ်မုန်းနေတာပေါ့။။တနေ့မှာတော့ကျန့်ကျန့်ကမိဘတွေသဘောတူတဲ့ဆရာဝန်တစ်ဦး...