ချစ်ခြင်းဖြင့်တေးဖွဲ့သီ(p-13)

717 38 0
                                    

"ဗျာ......ဘာ......ဘာပြောလိုက်တယ်မမ....ကျန့်.....ကျန့်ကအတိတ်‌ေမ့သွားတယ်တယ်"

ရိပေါ်မယုံသလိုမေးရင်း ကျန့်မျက်နှာလေးကို ပြန်လည်စူးစိုက်စွာကြည့်မိသည်။

သို့သော် တကယ်ဘဲကျန့်မျက်နှာလေးက နူးညံ့သိမ်မွေ့နေသောမျက်လုံးများက သူ့အပေါ်မှာ ဘာအရောင်မှ မရှိဘဲအေးချမ်းနေသည်။

အခုလိုအရောင်မဲ့နေတာမျိုးသူလုံးဝမကြိုက်ပါ။ကျန့် အစစ်သာဆိုလျှင် ယခုချိန်မှာ သူဆိုတဲ့ဝမ်ရိပေါ်ကို မုန်းတီးမှု့တွေနဲ့ကြည့်ကာ.....သူ့ကိုနာကျင်စေလောက်သောစကားများဖြင့် ရန်ထောင်လောက်ပြီ။

ရိပေါ် ရင်ထဲမခံမရပ်နိုင်ဖြစ်လာလျက်.......

"ကျန့်.....တကယ်ဘဲ မောင့်ကိုမမှတ်မိဘူးလားဟင်"

သည်တစ်ခါတော့ ရိပေါ်တစ်ယောက်ကျန့်ပခုံးလေးကို ညင်သာစွာ ဆုပ်ကိုင်လျက်မေးလိုက်၏။

"ဟင်......ဘယ်လိုလုပ်တာလဲ။ကျန့်ကျန့် ပခုံးကိုလွှတ်ပါ။ပြီးတော့ မင်း.......မင်း ဘာတွေလာပြောနေတာလဲ"

"ဗျာ"

ကျန့်မျက်နှာလေးကရှက်လန့်ဟန်ဖြင့် သူ့လက်တွေကို အတင်းဖယ်ရှားကာတစ်လုံးဖြင်းပြန်ဖြေလာပုံက သူစိမ်းပမာ။

"ဟုတ်ပါတယ် သားဝမ်ရယ်။သားဆေးရုံတက်နေတုန်းမှာ......သားကျန့်ကလဲ ဆေးကုသမှု့ခံယူနေတာပါကွယ်"

"လူကပြန်နေကောင်းလာပေမဲ့.....ကျန့်ကျန့်က အတိတ်တော့လုံးဝမေ့သွားပါပြီ ရိပေါ်ရယ်"

မားနဲ့မမကစိတ်ထိခိုက်စွာ ဝင်ပြော၏။ အန်တီရှောင်းနှင့်ကြီးကြီးကတော့ ကျိတ်ကာမျက်ရည်ကျနေသည်။

"မား.....မား။ဒါ....ဒါက တကယ်ပြောနေတာလား။ကျန့်က အတိတ်မေ့သွားတယ်ဆိုတာ တကယ်ဘဲလား မားရယ်......ကျွန်တော်....ကျွန်တော် မယုံပါရစေနဲ့ဗျာ"

သူအရူးတစ်ယောက်လို ပြောမိရင်း ကျန့်မျက်နှာလေးကိုကြေကွဲစာကြည့်လိုက်၏။ ထိုအခါအန်တီရှောင်းက မျက်ရည်များသုတ်လျက် သူ့ကိုဝင်ရောက်နှစ်သိမ့်သည်။

"သားကျန့်လေး အတိတ်မေ့သွားတယ်ဆိုတာ တကယ်ပါ သားဝမ်ရယ်....အန်တီရှောင်းတို့လဲ အတတ်နိုင်ဆုံးကြိုးစားပြီးကုတာပါပဲ..."

ချစ်ခြင်းဖြင့်တေးဖွဲ့သီ Where stories live. Discover now