ရိပေါ်ညနေအလုပ်ကပြန်လာတော့ ဆရာဝန်ပါတစ်ခါထဲခေါ်လာခဲ့သည်။
"ကျန့်"
"မောင်"
"မောင်ဆရာဝန် ခေါ်လာတယ် အချစ်"
"မောင်ကလဲ...ကျန့်ကသက်သာနေပါပြီဆိုကွာ"
"မောင်စိတ်မချလို့ပါဗျာ"
"ဟုတ်ပါပြီ"
ရိပေါ် ဆရာမအားလှည့်ပြောလိုက်သည်။
"ဆရာမ လူနာကဒီမှာပါဗျ"
"ဟုတ်ကဲ့ပါရှင့်"
ရှောင်းကျန့်မောင်ကိုစူးစိုက်ကြည့်လိုက်မိသည်။ဆရာဝန်ခေါ်လာတာကဘာမှမဖြစ်ပေမဲ့ ဘာကြောင့်မိန်းခလေးကိုမှခေါ်လာရတာလဲမသိပါဘူး ။
မကြာခင် ရှောင်းကျန့်ကို စမ်းသပ်လေသည်။
ထို့နောက်ဆရာဝန်က မျက်နှာပြုံးလာကာ....."ဘာမှ စိုးရိမ်စရာမရှိပါဘူး ကိုဝမ်ရိပေါ်၊ ရှင့်အမျိုးသားမှာ ကိုယ်ဝန်ရှိနေတာပါ"
"ဗျာ"
ရုတ်တရက် ရိပေါ်မယုံနိုင်သလိုအ့ဩဝမ်းသာသွားရ၏။ကျန့်ကိုကြည့်လိုက်တော့လဲ သူ့ကိုဝမ်းသားနေသေမျက်လုံးလေးများဖြင့်ပြန်ကြည့်နေသည်။
"ဟိုလေ ဆရာမ၊ကျန့်ကယောကျာ်းလေးလေဗျာ တကယ်ရောဟုတ်ပါ့မလား"
"တကယ်သေချာပါတယ်ရှင်၊ အကိုရှောင်းကျန့်က ယောကျာ်းလေးဆိုပေမဲ့လူများစွာထဲမှာတစ်ယောက်သောအမျိုးသားကိုယ်ဝန်ဆောင်နိုင်သူမို့လို့ပေါ့ရှင်"
ရိပေါ်ပျော်လွန်းလို့မျက်ရည်တောင်ကျမိသည်။ဒါဆို အခုကျန့်မှာသူတို့ရဲ့ရင်သွေးလေးရှိနေပြီပေါ့၊နောက်ဆိုဒီအိမ်လေးမှာ လက်သေးသေးလေးတွေခြေသေးသေးလေးတွေနဲ့ပိစိလေးတွေရှိလာတော့မှာပေါ့။
"ကျေးဇူးတင်ပါတယ် ဒေါက်တာ၊ခုချိန်ကစပြီး ကျန့်ရဲ့ကျန်းမာရေးအတွက် ဒေါက်တာကိုပဲ ကျွန်တော်အပ်ပါတယ်ဗျာ"
ဒေါက်တာက လိုအပ်တာတွေညွှန်ကြားပြီး ပြန်သွားလေ၏။ဒေါက်တာပြန်သွားတာနှင့် ရိပေါ်ဝမ်းသာစွာ ကျန့်အနားရောက်သွား၏။
"မောင်...…မောင် ဝမ်းသာလိုက်တာ အချစ်ရယ်"
"ကျန့်လဲ အတူတူပါပဲ မောင်ရယ်၊အခုဆိုေမာင့်အတွက် ကျန့်တို့ရဲ့သွေးသားလေးကိုမွေးပေးရတော့မှာမို့ ဝမ်းသာမိတယ်မောင်"
YOU ARE READING
ချစ်ခြင်းဖြင့်တေးဖွဲ့သီ
Fanfictionဒီဇာတ်လမ်းလေးထဲမှာတော့ ပထမနှစ်ကျောင်းသားလေးရိပေါ်နဲ့ နောက်ဆုံးနှစ်ကျောင်းသားလေးကျန့်ကျန့်တို့ပေါ့နော်။ ရိပေါ်ကကျန့်ကျန့်ကိုမြင်မြင်ချင်းချစ်သွားပေမဲ့မာနခဲလေးကျန့်ကျန့်ကတော့ရိပေါ်ကိုသိပ်မုန်းနေတာပေါ့။။တနေ့မှာတော့ကျန့်ကျန့်ကမိဘတွေသဘောတူတဲ့ဆရာဝန်တစ်ဦး...