"သား ကျန့်စီခနသွားလိုက်အုံးမယ်"
"အင်းအင်း"
ရှောင်းကျန့်အရင်လိုကျယ်ကျယ်လောင်လောင်ဂစ်တာသံမကြားရတဲ့အပြင်ကျောင်းကလွဲလို့အိမ်မှာမြဲနေတဲ့ဟိုလူကအန်တီဝမ်တို့အပြောနှင့်တခြားစီဖြစ်နေသည်။အခုလည်းသူခြံထဲဆင်းကာပန်းပင်များရေလောင်းနေချိန်မမျှော်လင့်ဘဲ သူရောက်လာသည်။
"ကျန့်...."
"ဟင်....."
ဝမ်ရိပေါ်ကိုမြင်တော့ရှောင်းကျန့်ကိုယ့်မျက်စိကိုယ်မှားသလားဟုထင်မိရ၏။ကုပ်ထောက်ဆံပင်ရှည်များမရှိတော့ဘဲခပ်တိုတိုညှပ်ထားလျက် အဖြူပေါ်အပြာနုရှပ်အကျင်္ီလက်ရှည်နှင်အဖြူရောင်ဘောင်းဘီကိုတွဲဝတ်ထားသည်။သူဘယ်လောက်စိုက်ကြည့်မိသည်ကိုမသိရှေ့ကလူကပြုံးပြမှသာသတိဝင်လာမိသည်။
"ကိုယ်ပန်းလာဝယ်တာ .....ကျန့်"
"ဒီခြံမှာ မင်းကိုရောင်းဖို့ဘာပန်းမှမရှိဘူးဝမ်ရိပေါ်"
ထိုစကားကြောင့် သူ့မျက်နှာပျက်သွားတာကိုမြင်လိုက်ပေမဲ့မသိချင်ယောင်ဆောင်လိုက်သည်။
"ဘာဖြစ်လို့လဲကျန့်..... မားကအလှပန်းအိုးထို့းဖို့မင်းခြံထဲကပန်း ဝယ်ခိုင်းလိုက်လို့ပါကွာ"
"သိတယ် ......မင်းဖြစ်နေလို့ကိုမရောင်းတာကွာ ရှင်းလား"
ထိုအချိန်
"သားကျန့်ရေ.....ဘယ်သူလဲကွယ်"
"ဟင်......မား"
မားကအိမ်ရှေ့ထွက်လာတာကြောင့်သူစိတ်ပျက်သွားရသည်။
"အို.....သားဝမ်ပါလား။လာလေကွယ် အိမ်ထဲကို"
"နေပါစေ အန်တီရှောင်း.....မားက အန်တီရှောင်းတို့ခြံထဲကပန်းဝယ်ခိုင်းလိုက်လို့ပါ"
"ဝယ်စရာမလိုပါဘူး သားရယ်....... အိမ်နီးချင်းတွေဘဲ လိုအပ်ရင်အချိန်မရွေးလာယူလို့ရပါတယ် သားကျန့်ကဘာလို့ညီလေးကိုအိမ်ထဲမခေါ်တာလဲ"
"ဟို.....အဲ့တာက"
"ဒီလိုအန်တီရှောင်း......ကျန့်က"
သူကိုစိုးရိမ်သောမျက်လုံးလေးများဖြင့်ကြည့်လာသောကျန့်ကြောင့် သူတစ်ချက်ကျိတ်ပြုံးလိုက်မိသည်။
YOU ARE READING
ချစ်ခြင်းဖြင့်တေးဖွဲ့သီ
Fanficဒီဇာတ်လမ်းလေးထဲမှာတော့ ပထမနှစ်ကျောင်းသားလေးရိပေါ်နဲ့ နောက်ဆုံးနှစ်ကျောင်းသားလေးကျန့်ကျန့်တို့ပေါ့နော်။ ရိပေါ်ကကျန့်ကျန့်ကိုမြင်မြင်ချင်းချစ်သွားပေမဲ့မာနခဲလေးကျန့်ကျန့်ကတော့ရိပေါ်ကိုသိပ်မုန်းနေတာပေါ့။။တနေ့မှာတော့ကျန့်ကျန့်ကမိဘတွေသဘောတူတဲ့ဆရာဝန်တစ်ဦး...