ရှောင်းစံအိမ်တော်တွင်
"သားကျန့်ရေ"
"ဗျာ.......မား"
"မပြီးသေးဘူးလား........
အောက်မှာ ဦးစန်းကားရောက်နေပြီ""ဟုတ်ကဲ့မား .....သားပြီးပါပြီ"
ရှောင်းကျန့်တစ်ယောက်ငှားထားတဲ့ကားရောက်လာတာကြောင့် အမြန်ဆင်းလာခဲ့သည်။
"သားကျန့် ဒါကသားချန်အတွက်......မားပေးတဲ့မွေးနေ့လက်ေဆာင်နော်"
"ဟုတ်..... အဲ့တာဆိုသားသွားပြီနော်မား"
"ဂရုစိုက်သွားနော်သားကျန့်"
ရှောင်းကျန့်တစ်ယောက်ကျန်းချန်တို့အိမ်ရောက်တော့လူပင်အတော်စုံနေပြီဖြစ်သည်။
"ဟာ....ကျန့်ကျန့်။လာ...လာ မင်းကိုစောင့်နေတာ"
"အေး......ငါနောက်မကျဘူးမှတ်လား ကျန်းချန်"
"နောက်မကျပါဘူးကွာ.......လူတွေက အခုမှရောက်ကျတာလေ"
"ဟုတ်ပါပြီ ရော့ဒါမင်းအတွက်မားကပေးခိုင်းလိုက်တာ"
"ရှောင်းမားကလား ကျေးဇူးပါလို့ပြန်ပြောပေးပါကွာ"
"အင်း.....အင်း"
"အဲ့တာဆိုမင်းဒီဝိုင်းမှာ.. ခနထိုင်နေအုံးနော် ငါလိုက်ဧည့်ခံလိုက်အုံးမယ်"
"ရပါတယ်.. ငါနေတတ်တယ်သွားမှာသာသွားစမ်းပါ"
"ကျေးဇူးပါ ငကျန့်ရာ"
ကျန့်ကျန့်တစ်ယောက်ပြုံး၍ခေါင်းညိမ့်ပြလိုက်၏။ကျန်းချန်ကတော့နေရာကနေထွက်သွားလေသည်။
"ဟင်း.....ဟိုကောင်မလာသေးပါလား"
ကျန်းချန်တွေးရင်းဖုန်းနံပါတ်တစ်ခုကိုနှိပ့်လိုက်သည်။ထို့အချိန်တွင်
တီ......တီ.....တီ
ဆူညံ့စွာထွက်ပေါ်လာသောကားသံကြောင့်
"ရောက်ပြီလား ငါကမလာတော့ဘူးထင်တာ"
"အင်း.."
/////////////////////////////////
မိတ်ဆွေပေါများသောကျန်းချန်ကိုလိုက်ကြည့်နေရင်းရှောင်းကျန့်တစ်ယောက်ခေါင်းထဲငြိးစိစိဖြစ်လာတာကြောင့် ခြံထဲခနထွက်လာခဲ့မိသည်။
YOU ARE READING
ချစ်ခြင်းဖြင့်တေးဖွဲ့သီ
Fiksi Penggemarဒီဇာတ်လမ်းလေးထဲမှာတော့ ပထမနှစ်ကျောင်းသားလေးရိပေါ်နဲ့ နောက်ဆုံးနှစ်ကျောင်းသားလေးကျန့်ကျန့်တို့ပေါ့နော်။ ရိပေါ်ကကျန့်ကျန့်ကိုမြင်မြင်ချင်းချစ်သွားပေမဲ့မာနခဲလေးကျန့်ကျန့်ကတော့ရိပေါ်ကိုသိပ်မုန်းနေတာပေါ့။။တနေ့မှာတော့ကျန့်ကျန့်ကမိဘတွေသဘောတူတဲ့ဆရာဝန်တစ်ဦး...