ရိပေါ်မနက်ရောက်တော့ကုတင်ေပါ်မှာကျန့်ကိုမတွေ့တာကြောင့်နာရီကိုပြန်ကြည့်လိုက်တော့မနက်9:00နာရီထိုးနေတာကြောင့်အမြန်ထလိုက်သည်။
"ဝမ်ရိပေါ်....... ဝမ်ရိပေါ်မင်းကတော့လေသူများအိမ်လာပြီးနောက်ကျမှထရတယ်လို့တကယ်ပါကွာ.......... နဂိုထဲကျန့်ကအမြင်မကြည်ရတဲကြားထဲလုပ်လိုက်ရင်တော့လေ ဟင်း....."
ရှောင်းကျန့်ဟိုလူကိုနိုးဖို့အခန်းထဲပြန်ဝင်လာခဲ့ရသည်။
"မားကတော့လေ သူ့ဘာသာလာမနိုးဘူး စိတ်ညစ်လိုက်တာ......... ဟိုတစ်ယောက်ကလဲသူများအိမ်လာပြီးအခုထိကိုမထသေးဘူး ကာလနဂါးလားမသိဘူး"
ကျွီ....
ရိပေါ်ရေချိုးခန်းထဲကထွက်လာသံကြောင့်ရှောင်းကျန့်စကားလှည့်ပြောရန်အနောက်ကိုကြည့်လိုက်တော့ အပေါ်ပိုင်းဘာမှမပါဘဲအောက်ပိုင်းကိုသာတဘက်တစ်ထည်ထဲထိုလူ့ကြောင့်မျက်နှာကိုအမြန်လွှဲလိုက်ရသည်
"ကျန့်."
"................"
"ကျန့်.......ဟေ့.......ကျန့်"
"ဘာ .......ဘာလဲ"
"မျက်နှာတွေတောင်နီနေပြီ ဘာဖြစ်လို့လဲ"
"ဘာဖြစ်ရမှာလဲ."
"ကိုယ့်ကိုရှက်နေတာလား "
"ဒီမှာ ဝမ်ရိပေါ်မင်းလဲယောက်ကျာ်းငါလည်းယောက်ကျာ်း ဘာမှရှက်စရာမရှိဘူး.…... ပြီးတော့မင်းကဘာလို့ငါ့တဘတ်ကိုပတ်ထားရတာလဲ"
"ဟို ....အဲ့တာကိုယ့်လဲ"
"ထားလိုက်တော့ မလိုဘူးအဲ့တဘတ်ကိုလဲလွှတ်ပစ်လိုက်တော့"
"ဟုတ်ပါပြီ ......အခုကျန့်ကိုယ့်ကိုလာခေါ်တာလား"
"မားက ..…မနက်စာစားဖို့ခေါ်ခိုင်းလိုက်တာ"
"အင်း....ကိုယ်လာခဲ့မယ်နော်"
"............"
ရိပေါ်သူ့ကိုစကားတောင်ပြန်မပြောဘဲထွက်သွားတဲ့ကျန့်ကြောင့်
"မာနကြီးလိုက်တာကျန့်ရာ ကိုယ်မင်းအချစ်ရဖို့တောင်မပြောနဲ့အနားကပ်ဖို့တောင်တော်တော်ကြိုးစားရအုံးမှာပါလား ဘယ်လိုဖြစ်ပါစေကိုယ်ကတော့ကျန့်ကိုတကယ်မြတ်နိုးနိုးချစ်နေရပါတယ်ကျန့်ရယ်.."
YOU ARE READING
ချစ်ခြင်းဖြင့်တေးဖွဲ့သီ
Fanficဒီဇာတ်လမ်းလေးထဲမှာတော့ ပထမနှစ်ကျောင်းသားလေးရိပေါ်နဲ့ နောက်ဆုံးနှစ်ကျောင်းသားလေးကျန့်ကျန့်တို့ပေါ့နော်။ ရိပေါ်ကကျန့်ကျန့်ကိုမြင်မြင်ချင်းချစ်သွားပေမဲ့မာနခဲလေးကျန့်ကျန့်ကတော့ရိပေါ်ကိုသိပ်မုန်းနေတာပေါ့။။တနေ့မှာတော့ကျန့်ကျန့်ကမိဘတွေသဘောတူတဲ့ဆရာဝန်တစ်ဦး...