ရှောင်းကျန့်အိပ်နေရင်းဗိုက်နာလာတာကြောင့်နိုးလာခဲ့သည်။
"အာ့.....ကျွတ် ကျွတ်"
မောင့်ကိုကြည့်လိုက်တော့လဲအိပ်မောကျနေတာကြောင့်မနိုးရက်ပေ။ဒီအတောအတွင်းမောင်ကသူ့ကြောင့်သိပ်ပင်ပန်းနေသည်မဟုတ်လား။
ရှောင်းကျန့် ညည်းနေသံလေးကြောင့် ရိပေါ်တစ်ယောက်နိုးလာခဲ့သည်။
"ကျန့်"
"မောင်...."
ရိပေါ် ကျန့်ကိုကြည့်လိုက်တော့ဇောချွေးတွေပါပြန်နေတာကြောင့်စိတ်ပူသွားရသည်။
"ကျန့်.....ကျန့် ဘာဖြစ်လို့လဲ မောင့်ကိုပြော"
ရှောင်းကျန့်တစ်ယောက် နဂိုထဲကနာကျင်နေတာကိုအံကြိတ်သည်းခံထားပေမဲ့ မောင့်အသံကိုကြားရသောအခါ ငိုမိလေသည်။
"အဟင့်.....ဟင့်"
"ကျန့်...မငိုပါနဲ့ မောင့်ကိုပြောအချစ်"
".........."
"ဗိုက်နာနေတာလား အချစ်"
ရိပေါ်မေးလိုက်တော့မှ ဗိုက်ပူလေးကခေါင်းညှိမ့်ပြလာသည်။
"အချစ်ရာ မောင့်ကိုနိုးလေဗျာ"
ရိပေါ် အမြန်ကျန့်ကိုပွေ့ချီရင်းကြီးမေအား အော်ခေါ်လိုက်သည်။
"ကြီးမေ....ကြီးမေ"
"သားဝမ်....ဘာဖြစ်လို့လဲ"
"ကျန့်...ဗိုက်နာနေပြီ ကြီးမေ"
"အဲ့တာ...ကြီးမေက မားတို့ကိုဖုန်းဆက်ပြီးနောက်မှလိုတာတွေနဲ့လိုက်လာခဲ့....ကျွန်တော်အရင် ကျန့်ကိုဆေးရုံခေါ်သွားလိုက်မယ်"
"အေးအေး...သားဝမ်"
ရိပေါ် ကြီးမေအားလိုတာမှာပြီးဆေးရုံကိုအတင်းမောင်းမောင်းရလေသည်။
"ဆရာမ.......ဆရာမ လုပ်ပါအုံးဗျာ"
"ကိုဝမ်ရိပေါ် စိတ်မပူပါနဲ့"
"ဟုတ်...ဟုတ်"
ရိပေါ်ခွဲခန်းထဲဝင်သွားသောကျန့်အားကြည့်ကာ စိတ်ပူနေမိသည်။ထိုအချိန်.....
"သားဝမ်....သားကျန့်လေးရော"
"ခွဲခန်းထဲဝင်သွားတယ်မား.....မား ကျန့်အဆင်ပြေမှာပါနော်"
YOU ARE READING
ချစ်ခြင်းဖြင့်တေးဖွဲ့သီ
Fanfictionဒီဇာတ်လမ်းလေးထဲမှာတော့ ပထမနှစ်ကျောင်းသားလေးရိပေါ်နဲ့ နောက်ဆုံးနှစ်ကျောင်းသားလေးကျန့်ကျန့်တို့ပေါ့နော်။ ရိပေါ်ကကျန့်ကျန့်ကိုမြင်မြင်ချင်းချစ်သွားပေမဲ့မာနခဲလေးကျန့်ကျန့်ကတော့ရိပေါ်ကိုသိပ်မုန်းနေတာပေါ့။။တနေ့မှာတော့ကျန့်ကျန့်ကမိဘတွေသဘောတူတဲ့ဆရာဝန်တစ်ဦး...