ရှောင်းကျန့်တစ်ယောက်စာလုပ်နေရင်းဘေးအိမ်ကဆူညံသံများကြောင့်ရပ်သွားသည်။အဘယ်ကြောင့်ဆိုတစ်ဖက်တိုက်၏ဆူညံစွာထွက်ပေါ်လာသောလျှပ်စစ်ဂစ်တာကြောင့်ပင်ဖြစ်သည်။
ထို့ကြောင့်အခန်းထဲကပြတင်းပေါက်မှတစ်ဖက်ခြံကိုကြည့်လိုက်မိတော့တစ်ဖက်ခြံ၏တိုက်ကြီးအပေါ်ထပ်အခန်းကျယ်ကြီးတစ်ခုမှာဖြူေသာအသားတွင်အနက်ရောက်စွပ်ကျယ်လက်ပျက်နှင့်ဂျင်းဘောင်းဘီနက်ပြာတို့ဖြင့်ဆံပင်ကုပ်ထောက်ရှည်များကမျက်နှာကိုအုပ်မိုးလျက်တစ်လောကလုံးသူ့တစ်ယောက်ထဲရှိတဲ့ပုံနှင့်လျှပ်စစ်ဂစ်တာတီးနေသောလူတစ်ယောက်ကိုမျက်မှောင်ကြုတ်လိုက်မိသည်။"ဘယ်လိုလူလဲမသိဘူး..........ဘေးအိမ်တွေကို......အားနာမယ်မရှိဘူး"
ထို့အချိန်
"သားေရ.........ကျန့်ကျန့်ရေ.."
"ဗျာ.....မား"
"စာလုပ်ပြီးပြီလားသား..."
"မပြီးသေးပါဘူးမားရယ်.........ဟိုဘက်အိမ်က.....ဒီလောက်ဆူညံနေတာ"
ကျန့်တစ်ယောက်နှုတ်ခမ်းလေဆူကာပြောတော့ မားကပြုံးသည်။
"သည်းခံလိုက်ပါသားရယ်.......
ပတ်ဝန်းကျင်ဆိုတာဒီလိုပါဘဲ ပြီးတော့......သူအိမ်ထဲမှာသူဆူတာပဲ။"မားကအနေအေးသူပီပိသူကြိုနှစ်သိမ့်၏တကယ်ဆိုရှောင်းကျန့်ကအနေအေးသူပါ။ဒါပေမဲ့အသက်ငယ်တဲ့သူကတော့သည်းမခံနိုင်တာအမှန်ပင်မဟုတ်လျှင်မခံတတ်သောစိတ်ခလေးရှိတာကြောင့်
"ဒါပေမဲ့မားရယ်......... ဒီလောက်ကြီးဆူညံနေတာကတော့လွန်ပါတယ်..... အနားမှာပတ်ဝန်းကျင်က.....အိမ်တွေရှိတယ်ဆိုတာ သိရမှာပေါ့။"
"သူတို့ကရောက်စမို့နေမှာပါ....... မမဝမ်တို့ကမဆိုးပါဘူး"
"ဟင်...မားက ........အဲ့အိမ်ကလူတွေနဲ့သိလို့လား"
"ဪ....သားကျောင်းသွားတုန်းကအိမ်ကို လာကြတယ်လေ။အိမ်နီးချင်းတွေ.......... မဟုတ်လား ပြိးတော့သူတို့မှာသားတစ်ယောက်သမိးတစ်ယောက်ရှိတယ်။.............သမီိးလေးကအကြီး အိမ်ထောင်နဲ့လေ။သားကတော့....... စီးပွားရေတက်ကသိုလ်က ပထမနှစ်တဲ့။"
YOU ARE READING
ချစ်ခြင်းဖြင့်တေးဖွဲ့သီ
Fanfictionဒီဇာတ်လမ်းလေးထဲမှာတော့ ပထမနှစ်ကျောင်းသားလေးရိပေါ်နဲ့ နောက်ဆုံးနှစ်ကျောင်းသားလေးကျန့်ကျန့်တို့ပေါ့နော်။ ရိပေါ်ကကျန့်ကျန့်ကိုမြင်မြင်ချင်းချစ်သွားပေမဲ့မာနခဲလေးကျန့်ကျန့်ကတော့ရိပေါ်ကိုသိပ်မုန်းနေတာပေါ့။။တနေ့မှာတော့ကျန့်ကျန့်ကမိဘတွေသဘောတူတဲ့ဆရာဝန်တစ်ဦး...