သူ သိပ်ကိုအနိုင်ယူတဲ့လူ။
အိမ်မက်ထဲမှာတောင် ဝမ်ရိပေါ်ကိုသူမုန်းကာကျောခိုင်းလှည့်ထွက်သွားသည်တဲ့။မျက်နှာပေါ်သို့ညင်သာစွာကျရောက်လာသော အနမ်းများကြောင့် ရှောင်းကျန့်နှစ်ခြိုက်စွာအိပ်ပျော်နေရာမှာ နိုးလာခဲ့ရသည်။
"ဟင်......"
မျက်လုံးဖွင့်ကြည့်လိုက်တော့ သူ့မျက်နှာကိုပြုံး၍အုပ်မိုးကာစိုက်ကြည့်နေသော ဝမ်ရိပေါ်ကြောင့်မျက်နှာလေးမှုန်သွားရ၏။
ပတ်ဝန်းကျင်ကိုကြည့်လိုက်တော့ အခန်းထဲသို့ပင်အလင်းရောင်များဝင်ရောက်နေပြီဖြစ်သည်။
"ကျန့်......အိပ်ရေးပျက်သွားပြီလား"
ပိုးသားကဲ့သို့နှုးညံ့သောသူ့ဆံပင်များအားခပ်ဖွဖွဆော့ကစားလျက်မေးလာသော ဝမ်ရိပေါ်။
သူအိပ်နေရာကလူးလဲထကာ......
"မိုးတောင် လင်းနေပြီပဲ"
တကယ်ဆိုသူဟာအိမ်ထောင်ရှင်တစ်ယောက်ဖြစ်နေပြီမို့ ဒီအိမ်ရဲ့တာဝန်အားလုံးကို မယူချင်ဘဲ သူတာဝန်ယူရတော့မည်။တစ်ခါမှ ဒီလိုနေမြင့်အောင်မအိပ်ဖူးတာမို့ ရှောင်းကျန့်တစ်ယောက် ကိုယ်စိတ်ကိုယ်မလုံပါ။
ဝမ်ရိပေါ် အတွေးလွန်နေသောကျန့်ကိုယ်လေး လှမ်းဖက်ကာ......
"မိုးလင်းပေမဲ့ ကျန့်လေး အိပ်ချင်အိပ်လေ.......ကျန့်ဘာစားမလဲ မောင်သွားဝယ်ပေးမယ်လေ....."
"နေပါစေ ငါကအိမ်ထောင်ရှင်တစ်ယောက်ဖြစ်နေပြီပဲ.......မနက်စာကို ငါဘဲပြင်လိုက်ပါ့မယ်"
ကျန့်စကားကြောင့် သူပြုံးလိုက်မိသည်။သူထင်ထားတဲ့အတိုင်း ကျန့်ဟာ မိန်းခလေးတစ်ယောက်မဟုတ်ပေမဲ့ မိန်းခလေးတွေလို အိမ်မှု့ကိစ်စ ကျွမ်းကျင်သော အမ်ထောက်ရှင်ထီးလေးဖြစ်သည်။
"ကဲ.........ဖယ်ပါ ငါအောက်ဆင်းတော့မယ်"
သူ့ကိုယ်ကြီးကိုတွန်းဖယ်ကာ ရေချိုးခန်းဝင်လိုက်သည်။ရေတစ်ခါထဲချိုးလိုက်ပြီး အပြာရောင်ရှပ်လက်တိုအင်္ကျီလေးနဲ့ဘောင်းဘီအဖြူလေးပိုတွဲဝတ်လိုက်သည်။
YOU ARE READING
ချစ်ခြင်းဖြင့်တေးဖွဲ့သီ
Hayran Kurguဒီဇာတ်လမ်းလေးထဲမှာတော့ ပထမနှစ်ကျောင်းသားလေးရိပေါ်နဲ့ နောက်ဆုံးနှစ်ကျောင်းသားလေးကျန့်ကျန့်တို့ပေါ့နော်။ ရိပေါ်ကကျန့်ကျန့်ကိုမြင်မြင်ချင်းချစ်သွားပေမဲ့မာနခဲလေးကျန့်ကျန့်ကတော့ရိပေါ်ကိုသိပ်မုန်းနေတာပေါ့။။တနေ့မှာတော့ကျန့်ကျန့်ကမိဘတွေသဘောတူတဲ့ဆရာဝန်တစ်ဦး...