စာရေးသူ၏ အမှာစာ

86.5K 2.7K 182
                                    

မင်္ဂလာနှစ်သစ်ပါရှင်။

ဒီနှစ်မှာတော့ ဂျမ်က စာဖတ်သူတို့ကို ဒီဇာတ်လမ်းလေးနဲ့ ABO World ကို ပြန်ခေါ်သွားပါ့မယ်။

ပထမဆုံးအနေနဲ့ ဒီဇာတ်လမ်းကိုမဖတ်ခင် သိထားရမှာက ဒီဇာတ်လမ်းက ‘I Bet You Love Me’ ရဲ့ Season 2 or Side story ဖြစ်ပါတယ်။ အဲ့ဒါကြောင့် IBYLM ကို မဖတ်ဖူးသေးရင် ဂျမ့်ရဲ့ Acc ထဲမှာ သွားရှာပြီး ဖတ်နိုင်ပါတယ်ရှင်။  

ABO World အကြောင်းကိုတော့ IBYLM မှာ သေချာရှင်းပြပြီးသားမလို့ ထပ်မရှင်းတော့ပါဘူးနော်။ ဒီဇာတ်လမ်းကလည်း IBYLM ကို အရင်ဖတ်ပြီးမှ ဖတ်ရမဲ့ဇာတ်လမ်းမလို့ ပထမတစ်ပုဒ်ကို ဖတ်ပြီးတာနဲ့ အကုန်ရှင်းသွားပါလိမ့်မယ်။

ဒုတိယအနေနဲ့ကတော့ ဂျမ်က ဒီဇာတ်လမ်းကို Paid story အနေနဲ့ အစအဆုံးရေးပြီးသားပါ။ အဲ့ဒါကြောင့် စာဖတ်သူ ၅၀၀၀ နီးပါး ဒီဇာတ်လမ်းကို ဖတ်ဖူးကြပါတယ်။ သူတို့တွေထဲက အချို့ကလည်း ဖတ်ထားပြီးတာတောင် ဒီမှာ Free တင်တဲ့အချိန်ကို စောင့်နေကြတာမလို့ ဂျမ်တင်တဲ့အချိန် ထပ်လာဖတ်ကြ၊ Cmt ပေးကြတာမျိုး လုပ်ကြပါလိမ့်မယ်။

ဒီနေရာမှာ ဖတ်ဖူးပြီးသားစာဖတ်သူတို့ကို ဂျမ်က အရင်ဆုံး တောင်းဆိုချင်ပါတယ်။ ကျေးဇူးပြုပြီး ဇာတ်လမ်းရဲ့ အဓိက Pointတွေနဲ့ ဇာတ်လမ်းကို Spoil ဖြစ်စေမဲ့ Cmt တွေကို လုံးဝမမန့်ကြဖို့ တောင်းဆိုချင်ပါတယ်ရှင်။ (Ongoing လိုက်တုန်းကလိုမျိုး ပေါက်ကရတွေလျှောက်မန့်ပြီး စနောက်သွားကြရင်တော့ အဆင်ပြေပါတယ်နော်။><)

နောက်ပြီး စာဖတ်သူအသစ်တွေကိုလည်း မေတ္တာနဲ့ သတိပေးချင်ပါတယ်။ ဂျမ်က ဖတ်ဖူးကြတဲ့ စာဖတ်သူတွေကိုလည်း လွတ်လွတ်လပ်လပ်ပဲ Enjoy လုပ်စေချင်တာမလို့ သူတို့တွေ မတော်တဆ Spoil လုပ်မိကြတာမျိုးတွေ ရှိလာနိုင်ပါတယ်။ အဲ့ဒါကြောင့် Spoil မိတာမျိုးကို မကြိုက်တဲ့ စာဖတ်သူအသစ်တွေအနေနဲ့ Cmt Box တွေထဲ ဝင်မကြည့်ကြတာက အကောင်းဆုံးပါပဲရှင်။

ဂျမ့်အတွက်ကတော့ ဒီဇာတ်လမ်းနဲ့ပတ်သက်ပြီး အမှတ်တရတွေ အများကြီးရှိခဲ့ပါတယ်။ ပထမဆုံး စရေးခဲ့ဖူးတဲ့ Paid story မလို့ အရမ်းပင်ပန်းခဲ့ရသလို ဖိအားတွေလည်း အရမ်းများခဲ့ပါတယ်။ စာဖတ်သူတွေက ပြန်ပေးတဲ့ ထိုက်တန်တဲ့ အနုပညာကြေးကိုလည်း ပြန်ရခဲ့တာမလို့ အရမ်းတန်ဖိုးထားမိပါတယ်။

'The Moon Pulls The Tide' (Season 2 of IBYLM)Where stories live. Discover now