ဂျိုးဇက်နှင့်ဒီယမ်တို့ကြား ဆက်ဆံရေးဟာ ဇူလိုင်လ တတိယပတ်အတွင်းမှာပင် နှစ်ဖက်မိဘသဘောတူ ပြေပြေလည်လည်နှင့် အဆုံးသတ်သွားခဲ့ပါသည်။
အယ်လ်ဖာဘက်မှ ယဉ်ကျေးစွာဖြင့် ငြင်းဆန်လာသည်ဆိုမှတော့ ဒီယမ်၏မိဘနှစ်ပါးကလည်း သူတို့၏အဖိုးတန်သားလေးကို မချစ်မနှစ်သက်သူ၏ လက်ထဲသို့ မအပ်နိုင်ပါတော့ချေ။ သို့ဖြစ်ရာ ဒီယမ်က ထိုသို့အဆုံးသတ်လိုက်မှုနှင့်ပတ်သက်၍ ဝမ်းနည်းခဲ့ပါသော်ငြား မိဘတို့၏ဖျောင်းဖျမှုကြောင့် နောက်ဆုံးတွင် လက်ခံခဲ့ပါ၏။
သူတို့၏ဆက်ဆံရေး အဆုံးသတ်မှုနှင့်ပတ်သက်၍ ဂျိုးဇက်နှင့်ဒီယမ်တို့ဟာ စားသောက်ဆိုင်တစ်ခု၌ နောက်ဆုံးအကြိမ်အနေနှင့် ညစာအတူစားခဲ့ကြသည်။ နှစ်ယောက်စလုံးက တစ်ဖက်နှင့်တစ်ဖက် လေးစားမှုကိုပြကြသည့်အနေနှင့် Formal ကျကျ ဝတ်စားခဲ့ကြပြီး ဂျိုးဇက်က နက်ပြာရောင် Suit နှင့်ဖြစ်ကာ ဒီယမ်ကတော့ အပြာနုရောင် Suit နှင့် ဖြစ်၏။
သည်တစ်ကြိမ်တွင်တော့ ဂျိုးဇက်ဟာ စားသောက်ဆိုင်ကြီးတစ်ဆိုင်၏ သီးသန့်ခန်းကို ငှားရမ်းထားခဲ့ပြီး မှတ်မှတ်ရရ သူတို့နှစ်ယောက် စတင်ပတ်သက်ခဲ့ချိန်အတွင်း သီးသန့်ခန်းတွင် ညစာအတူစားဖူးကြသော ပထမဆုံးအကြိမ်ပင် ဖြစ်သည်။
"အစ်ကို့မှာ တစ်ယောက်ယောက်ရှိနေပြီမလား"
ညစာစားပြီးကြသည့်အချိန်တွင်မှ ဒီယမ်က နှစ်ယောက်ကြားရှိ ငြိမ်သက်နေသော လေထုကို အဆိုပါမေးခွန်းဖြင့် ဖြိုခွဲလိုက်ခြင်း။
ထိုအခါ ဂျိုးဇက်က နှုတ်ခမ်းကို ပဝါအဖြူနှင့်သုတ်လိုက်ရင်းမှ လည်ချောင်းသံနှင့်သာ ပြန်ဖြေလိုက်၏။
"အင်း"
ဂျိုးဇက်၏ဆံပင်တို့ဟာ သေချာပုံသွင်းကာ တစ်စမကျန် နောက်သို့သိမ်းတင်ခံထားရသည်မို့ မွေးရာပါဆံပင်လှိုင်းတို့ကိုပင် မမြင်ရစေပါတော့ချေ။ သူ၏မျက်နှာတည်တည်သည်ကား ဘာကိုမှဂရုမစိုက်တတ်ဟန်ရှိပြီး ခေါင်းကိုငုံ့လိုက်ချိန်တွင်တောင်မှ ကြည့်ကောင်းလွန်းသော နှာတံချွန်က ထင်းနေဆဲပါပင်။
YOU ARE READING
'The Moon Pulls The Tide' (Season 2 of IBYLM)
Romanceဤဇာတ်လမ်းသည် 'I Bet You Love Me' ၏ Season 2 or Side story ဖြစ်သည့်အတွက် Season 1 ကို မဖြစ်မနေဖတ်ရှုဖို့ လိုအပ်ပါသည်။ [Zawgyi] ဤဇာတ်လမ်းသည် 'I Bet You Love Me' ၏ Season 2 or Side story ဖြစ်သည့်အတွက် Season 1 ကို မဖြစ်မနေဖတ်ရှုဖို့ လိုအပ်ပါသည်။