ဒီဇင်ဘာလ ၄ ရက်နေ့၏ နံနက်ခင်းဖြစ်၏။
သည်နေ့ဟာ ခေါင်ရိပ်၏ မွေးနေ့လည်းဖြစ်ပြီး ယခု၌ မွေးနေ့ရှင်က သက်ဆိုင်သူ၏တိုက်ခန်းတွင် ရှိနေခြင်း ဖြစ်သည်။ သူတို့နှစ်ယောက် တရားဝင်သက်ဆိုင်သွားကြသည့် အချိန်ကတည်းက စစ်တောင်းဟာ ခေါင်ရိပ်အတွက် အိပ်ခန်းသီးသန့် စီစဉ်ပေးထားခဲ့၏။
သို့ဖြစ်ရာ လက်ရှိ၌ ခေါင်ရိပ်က အဆိုပါအိပ်ခန်းထဲတွင်ဖြစ်ပြီး သူသည် စားပွဲခုံတစ်ခုရှိ ကုလားထိုင်တစ်လုံးထက် ထိုင်နေကာ ဒိုင်ယာရီစာအုပ်ထက် စာအချို့ကို ရေးနေလေသည်။
သူ၏ပုံစံဟာ မကြာခင်၌ အပြင်ထွက်ရန်အတွက် အဆင်သင့်ဖြစ်နေသည့် ပုံစံမျိုးဖြစ်ပြီး အဖြူရောင်အင်္ကျီနှင့် အညိုရောင် Pants တို့ထက် အညိုရင့်ရင့် Long Coat ကို ထပ်၍ဝတ်ဆင်ထား၏။ ဆံပင်ပုံစံကလည်း သည်နေ့တွင်မှ ပုံမှန်ထက်ပို၍ သေသပ်နေသည်မို့ လေးထောင့်ကိုင်းမျက်မှန်နှင့် ရည်မွန်ခန့်ညားကာ ချောမောသောမျက်နှာက လူအများကြားတွင်တောင် ထင်းထွက်နေနိုင်ပေသည်။
သည်နေ့မှ ၂၆ နှစ်ပြည့်သည့် အမျိုးသားဟာ အသက်ထက်ပိုသည့် ရင့်ကျက်မှုတို့ ရှိနေသကဲ့သို့ဖြစ်ပြီး သူသည် ယခုတွင် ဒိုင်ယာရီရေးခြင်းအမှု၌သာ အပြည့်အဝ အာရုံစိုက်ထားလေ၏။
'ဖေဖေနဲ့မေမေ
ဒီနေ့ ကျွန်တော် ၂၆ နှစ်ပြည့်ပါပြီ။ ဖေဖေနဲ့မေမေတို့ ဆုံးမသင်ကြားပေးခဲ့ကြတဲ့အတိုင်း ဘဝကို အကောင်းဆုံးဖြတ်သန်းနေပါတယ်။ ဒီနှစ်တော့ ဂျိုးဇက်ရဲ့ဆန္ဒကြောင့် သူတို့အိမ်မှာပဲ ကျွန်တော့်မွေးနေ့ပွဲကို လုပ်ဖို့စီစဉ်ထားပါတယ်။
အစစအရာရာကို အန်ကယ်သီဟနဲ့ အန်ကယ်လေးတို့က စီစဉ်ပေးကြမှာမလို့ ကျွန်တော် မွေးနေ့မှာ အထီးမကျန်ရမှာတော့ သေချာပါတယ်။ ဒေါက်တာကလည်း ကျွန်တော့်ကို အရမ်းဂရုစိုက်ပေးတာမလို့ အတော်လေးစိတ်ချမ်းသာနေရပါတယ်။ ဒေါက်တာက ကျွန်တော့်အပေါ် လက်တွဲဖော်တစ်ယောက်လိုရော အစ်ကိုတစ်ယောက်၊ အဖေတစ်ယောက်လိုပါ ကောင်းပေးတာမလို့ တစ်ခါတလေ ဖေဖေတို့၊ မေမေတို့က သူ့ကို ကျွန်တော့်ဆီ လွှတ်ပေးလိုက်သလားတောင် ထင်မိပါတယ်။
YOU ARE READING
'The Moon Pulls The Tide' (Season 2 of IBYLM)
Romansဤဇာတ်လမ်းသည် 'I Bet You Love Me' ၏ Season 2 or Side story ဖြစ်သည့်အတွက် Season 1 ကို မဖြစ်မနေဖတ်ရှုဖို့ လိုအပ်ပါသည်။ [Zawgyi] ဤဇာတ်လမ်းသည် 'I Bet You Love Me' ၏ Season 2 or Side story ဖြစ်သည့်အတွက် Season 1 ကို မဖြစ်မနေဖတ်ရှုဖို့ လိုအပ်ပါသည်။