သျှန်ယု၏ Heat ကာလ ပြီးဆုံးသွားချိန်ကျမှ ဂျိုးဇက်လည်း အလုပ်သို့ ပြန်သွားခွင့်ရ၏။ ဂျိုးဇက်ဟာ ထိုကာလတစ်လျှောက်လုံး သျှန်ယု၏စံအိမ်တွင်သာ နေထိုင်ခဲ့ပြီး သူ၏အစ်ကိုငယ်လေးကို စိတ်တိုင်းကျ အနီးကပ်ဂရုစိုက်ပေးခဲ့သည်။
ဆက်ခံသူသခင်လေးကတော့ ထိုအချင်းအရာနှင့်ပတ်သက်၍ Rut ကာလ ပြီးချိန်ကျမှသာ သိသွားခဲ့သည်မို့ အစ်ကိုဖြစ်သူကိုရော၊ သူငယ်ချင်းဖြစ်သူကိုပါ လုံးဝမကြည်ပါတော့ချေ။
ကိန်း၏ သည်တစ်ခေါက် Rut ဝင်ခြင်းဟာ ပုံမှန်ထက်ပို၍ ပြင်းထန်သောကြောင့် ထိုကာလအဆုံးသတ်သွားချိန်သည် သျှန်ယု၏ Heat ကာလ ပြီးဆုံးရက်ထက် တစ်ရက်ပို၍နောက်ကျလေရာ သူ့အနေနှင့် အစ်ကိုနှင့်သူငယ်ချင်းဖြစ်သူအကြောင်းအား အံတကြိတ်ကြိတ်နှင့် နားထောင်ရုံမှတပါး ဘာမှမတတ်နိုင်ချေတော့။
နေ့ရက်တို့သည်ကား အောက်တိုဘာလထဲသို့ ဝင်နေကြပြီး ဖြစ်၏။ မကြာခင်၌ သီတင်းကျွတ်တော့မည်မို့ Marketing နှင့်ပတ်သက်သော နေရာတိုင်းလိုလို၌ Promotion များစွာ ရှိနေကြရာ ဝန်ထမ်းများ ပုံမှန်ထက်ပို၍ အလုပ်ရှုပ်သောကာလလည်း ဖြစ်သည်။
ယခုအချိန်ကတော့ နေ့လယ်ပိုင်းဖြစ်ပြီး ဂျိုးဇက်ဟာ သူ၏ရုံးခန်းထဲ၌ ဧည့်သည်တစ်ယောက်နှင့် တွေ့ဆုံနေလေ၏။ ပုံမှန်အားဖြင့် ကြိုတင်ခွင့်မတောင်းထားသော ဧည့်သည်များကို ချက်ချင်းတွေ့ဆုံလေ့မရှိပါသော်ငြား နောက်နေ့တွင် ချစ်သူကိုအချိန်ပေးဖို့ ဆုံးဖြတ်ထားသည်မို့ သည်နေ့လာသော ဧည့်သည်ကို သည်နေ့တွင်သာ တွေ့လိုက်တော့ဖို့ ဆုံးဖြတ်ခဲ့ခြင်းပါပင်။
လက်ရှိ သူ၏ဧည့်သည်ဟာ အာမခံကုမ္ပဏီကြီးတစ်ခု၏ MD တစ်ယောက်ဖြစ်သော ဆလိုင်းအီသန်ဆိုသူ ဖြစ်သည်။ ဂျိူးဇက်အနေနှင့် ၎င်းကုမ္ပဏီကို ကြားဖူးပါသော်ငြား MD ဖြစ်သူကိုတော့ ခုမှပင် မြင်ဖူးခြင်းဖြစ်၏။
နှစ်ဦးနှစ်ဖက်လုပ်ငန်းတို့၏ သဘောသဘာဝအရ ဆက်စပ်မှုတို့တော့ ရှိပါသော်ငြား MD ကိုယ်တိုင် ရောက်လာခြင်းနှင့်ပတ်သက်၍ ဂျိုးဇက်စိတ်ထဲ အတော်လေး ထူးဆန်းသွားရသည်။ သို့ပေသည့် တစ်ဖက်လူနှင့် ငါးမိနစ်ကြာ အတူရှိပြီးချိန်တွင်တော့ သူဟာ အတွင်းရေးမှူးကိုပဲ ဆက်သွယ်ရမည်လား၊ သို့တည်းမဟုတ် အာမခံကုမ္ပဏီသို့ဆက်သွယ်ပြီး သူတို့ MD နှင့်ပတ်သက်၍ အတည်ပြုရမည်လားဟူ၍ စတင်တွေးတောရပါတော့၏။
YOU ARE READING
'The Moon Pulls The Tide' (Season 2 of IBYLM)
Romanceဤဇာတ်လမ်းသည် 'I Bet You Love Me' ၏ Season 2 or Side story ဖြစ်သည့်အတွက် Season 1 ကို မဖြစ်မနေဖတ်ရှုဖို့ လိုအပ်ပါသည်။ [Zawgyi] ဤဇာတ်လမ်းသည် 'I Bet You Love Me' ၏ Season 2 or Side story ဖြစ်သည့်အတွက် Season 1 ကို မဖြစ်မနေဖတ်ရှုဖို့ လိုအပ်ပါသည်။