Chapter - 29

25.6K 1.7K 498
                                    

ညနေ ၆ နာရီကျော်အချိန်ဖြစ်ပြီး အက်စ်ဟာ ရတုကိုခေါ်ပြီး စစ်တောင်း၏တိုက်ခန်းသို့ ရောက်လာခဲ့သည်။ ထိုကိစ္စအတွက် အက်စ်က စစ်တောင်းကို ကြိုအကြောင်းမကြားခဲ့ပါသလို ရတုကိုလည်း သူ့မိတ်ဆွေအိမ်သို့ လမ်းကြုံခဏဝင်မည်ဟုဆိုကာ ဆွဲခေါ်လာခဲ့ခြင်းဖြစ်၏။

စင်စစ် မနေ့ညက သူတို့အတူနေထားကြခြင်းကြောင့် ရတုက ကိုယ်လက်မအီမသာဖြစ်ကာ သည်နေ့တစ်နေ့လုံး ခန္ဓာကိုယ်အပူချိန်က မူမမှန်ပါချေ။ သို့ဖြစ်ရာ အက်စ်က ဆရာဝန်ခေါ်မည်၊ ဆေးခန်းပြမည်ဆိုတော့လည်း ရတုက လက်မခံခဲ့သည်မို့ နောက်ဆုံး၌ အက်စ်တစ်ယောက် ဤသို့လုပ်လိုက်တော့ခြင်းပါပင်။

ထိုသို့ဖြင့် ယခုအချိန်၌ စစ်တောင်း၏တိုက်ခန်းတွင် လူမမာနှစ်ယောက် ဖြစ်သွားတော့ပြီး စစ်တောင်းက ရတုကို စစ်ဆေးနေစဉ်၌ အက်စ်က ရတု၏နံဘေး ထိုင်နေရင်းမှ မျက်နှာထက် စိုးရိမ်နေဟန်ရှိသော မျက်နှာဖြင့် ဖြစ်သည်။ ထိုစဉ်တစ်ဖက်တွင် ခေါင်ရိပ်ကတော့ အဖျားငွေ့ငွေ့ ရှိနေပါသေးသည့်တိုင် ဂျူလီယံကို စာသင်ပေးနေလေသည်။

သူတို့နှစ်ဖွဲ့စလုံးဟာ ဧည့်ခန်းအတွင်း၌ပင် ရှိနေကြခြင်းဖြစ်ပြီး တစ်ဖက်နှင့်တစ်ဖက် ဆယ်ပေသာသာလောက်သာကွာသည်မို့ တစ်ဖက်ကပြောသည့်စကားတို့ကို တစ်ဖက်ကကြားရနိုင်ပါသည်။

"ဂျူလီယံ၊ စာကို အာရုံပြန်စိုက်၊ ဒီတစ်ပုဒ်တွက်ပြီးရင် နားရမယ်လို့ ပြောထားတယ်လေ"

"သားမတွက်တတ်တော့လို့"

"ဘာလို့ မတွက်တတ်တော့တာလဲ"

"သား ပုံသေနည်း မေ့သွားလို့ပါ"

"ဘာလို့မေ့သွားတာလဲ၊ အချိန်ပေးပြီး ကျက်ခိုင်းတုန်းကကျ ရပြီဆိုပြီး ဆော့နေတာမဟုတ်ဘူးလား"

"....."

ခေါင်ရိပ်ဟာ နေမကောင်းဖြစ်နေပါသည့်တိုင် သည်နေ့နံနက် ဂျူလီယံကျောင်းမသွားခင်အချိန်၌ ကလေးက နားမလည်၍ မေးသည့်သင်ခန်းစာများအားလုံးကို နားလည်လွယ်အောင် ပြန်ဖြေပေးနိုင်ခဲ့၏။ သို့ဖြစ်ရာ ဂျူလီယံတစ်ယောက် သူအလိုချင်ဆုံးဆရာတစ်ယောက်ကို တွေ့သွားသကဲ့သို့ ဖြစ်သွားတော့ပြီး ကျောင်းစာအုပ်များကိုပင် အပြေးသွားထုတ်လာကာ ခေါင်ရိပ်ကို စိတ်ကြိုက်မေးခဲ့ပါ၏။

'The Moon Pulls The Tide' (Season 2 of IBYLM)Where stories live. Discover now