Chapter - 28

25K 1.6K 419
                                    

ဒေါက်တာစစ်တောင်းသည်ကား ​ပြောလျှင်ပြောသလို လုပ်တတ်သူဖြစ်သည်။ သို့ဖြစ်ရာ သူက ခေါင်ရိပ်ကို လိုက်မည်ဟူ၍ ပွင့်ပွင့်လင်းလင်းဖွင့်ပြောပြီး နောက်တစ်နေ့နံနက်မှစ၍ သူ၏ဆွဲဆောင်နည်းတို့အား စတင်အသုံးပြုပါတော့၏။

စက်တင်ဘာလ ၂ ရက်နေ့၏ နံနက်ခင်းဖြစ်ပြီး ခေါင်ရိပ် နံနက်စာစားနေသည့်အချိန်၌ သူနေထိုင်ရာ ကွန်ဒိုအိမ်ရာမှ ဝန်ထမ်းတစ်ယောက်က သူ့ထံသို့ ပါဆယ်ဘူးတစ်ခု လာပို့ခဲ့သည်။ ယင်းပါဆယ်ကို လက်ခံရသည့်အချိန်၌ ခေါင်ရိပ်၏စိတ်ထဲ မည်သူပို့လိုက်သည်ဆိုတာကို မသိပါသော်ငြား ဘူးကို ဖွင့်မဖောက်ခင်အထိ သူဟာ ၎င်းက ဒေါက်တာစစ်တောင်းနှင့်ဆက်နွယ်လိမ့်မည်ဟူ၍ သံသယပင်မရှိခဲ့ပါချေ။

သို့ပေသည့် အဆိုပါပါဆယ်ကိုဖွင့်အပြီး အထဲမှအရာများကို မြင်လိုက်ရချိန်တွင်တော့ ခေါင်ရိပ်တစ်ယောက် မည်သို့ပင် မှတ်ချက်ချရမည်မှန်းမသိအောင် ဆွံ့အသွားတော့သည်အထိ။

ပါဆယ်ဘူးအတွင်း၌ ၆ လက်မပတ်လည် ပန်းနုရောင် လက်ဆောင်ဘူးလေးတစ်ဘူးရှိနေပြီး ၎င်းဘူးကို ဖဲကြိုးအနီရောင်လေးဖြင့် ကြက်ခြေခတ်သဏ္ဌာန် လှပစွာချည်နှောင်ထားသည်။ ထိုဘူးအား ထပ်မံ၍ ဖွင့်လိုက်သည့်အခါတွင်တော့ အတွင်းတွင် နီရဲရဲနှင်းဆီပွင့်ဖတ်များက အပြည့်နေရာယူထားကြသကဲ့သို့ဖြစ်ပြီး ၎င်းပွင့်ဖတ်များ၏အောက်၌ ပို့စ်ကဒ်လေးတစ်ခုနှင့်အတူ လက်တစ်ဆစ်လောက်ရှိသော ချောကလက်တုံးလေးများ ရှိနေကြလေ၏။

ခေါင်ရိပ်ဟာ ပန်းနုရောင်ပို့စ်ကဒ်လေးအား ဖွင့်ဖတ်ကြည့်လိုက်သည်။

'သို့
ခေါင်ရိပ်လင်းသွင်

မင်းရဲ့နှလုံးသားက အချိုဓာတ်လိုအပ်နေလို့ ဓာတ်စာလေးတွေ ပို့ပေးလိုက်တယ်။ တစ်နေ့ တစ်တုံးစားရင်း ကိုယ့်ကို စဉ်းစားပေးပါ။

မှ
စစ်တောင်းလင်းယျာ'

ဆရာဝန်တစ်ယောက်၏ လက်ရေးဖြစ်သော်ငြား ပို့စ်ကဒ်ထက်မှ စာသားတို့က လှပညီညာလွန်းလှပါ၏။

ခေါင်ရိပ်ဟာ ဧည့်ခန်းထဲ၌ ပါဆယ်ထိုင်ဖောက်နေခြင်းဖြစ်ပြီး ယခုတွင်တော့ ပို့စ်ကဒ်လေးထက်မှ စာတိုလေးကို အကြိမ်ကြိမ်အဖန်ဖန် ဖတ်ကြည့်နေမိရင်းမှ ရယ်ချင်လာသော်ငြား ရယ်ရမည်ကို အားနာစိတ်ဖြင့် တစ်ယောက်တည်း ထိန်းချုပ်နေရပါသည်။

'The Moon Pulls The Tide' (Season 2 of IBYLM)Where stories live. Discover now