‘နွေဦးပင်လယ်’ သည်ကား ခေါင်မိုးထပ်ပါဝင်သော နှစ်ထပ်စံအိမ်ကြီးတစ်လုံးဖြစ်ပြီး ၎င်းရှိရာ စံအိမ်ဝင်းဟာလည်း လွန်စွာကျယ်ဝင်းလှပါ၏။
၎င်းဟာ အယ်လ်ဖာ၏မိသားစုဘက်မှ လက်ဖွဲ့သော လက်ဖွဲ့ပစ္စည်းများထဲမှ တစ်ခုအပါအဝင်ဖြစ်ပြီး နာမည်ကိုတော့ ဂျိုးဇက်ကိုယ်တိုင် ပေးထားခြင်း ဖြစ်သည်။ ‘နွေဦးပင်လယ်’ ဟူသည့် နာမနှင့်လိုက်ဖက်လွန်းစွာပင် စံအိမ်ဝင်းကြီးအတွင်းရှိ အဆောက်အဦများအားလုံး၏အရောင်ဟာ အပြာနုရောင်ကို အသားပေးထားကြသည်များသာ ဖြစ်ကြပြီး ဝင်းတစ်ခုလုံးအတွင်းတွင်တော့ နွေဦးနှင့် နွေရာသီတို့၌ သဘာဝအလျောက်ပန်းပွင့်တတ်ကြသော အပင်ကြီး၊ အပင်ငယ်များအား မျက်စိပဿာဒဖြစ်စဖွယ် စိုက်ပျိုးထားလေ၏။
လက်ရှိရာသီဥတုဟာလည်း နွေရာသီဖြစ်သည်မို့ စံအိမ်ဝင်းအတွင်းမှ ပိတောက်ပင်များ၊ ကံ့ကော်ပင်များ၊ ငုဝါပင်များနှင့် အခြားသော နွေရာသီပန်းတို့ဟာ လှပဝေဆာစွာ ပွင့်လန်းနေကြတော့ပြီပင်။
ဝင်းအတွင်း၌ ပင်မစံအိမ်အပြင် နောက်ဘက်ဥယျာဉ်ထဲ၌ အပန်းဖြေစံအိမ်ငယ်တစ်လုံး ရှိနေသေးပြီး အခြားသော အဆောက်အဦများမှာတော့ ဝန်ထမ်းအိမ်ရာများနှင့် ဂိုထောင်နှစ်လုံးတို့ ဖြစ်ကြ၏။
ဂိုထောင်နှစ်လုံးအနက် တစ်လုံးမှာ ကားဂိုထောင်ဖြစ်ပြီး ကျန်တစ်လုံးမှာတော့ ပစ္စည်းအပိုများ ထားရန်အတွက် ဖြစ်သည်။
နွေရာသီ၏ နံနက် ၆နာရီကျော်ဟာ မိုးစင်စင်လင်းနေပြီဖြစ်ပြီး ရာသီဥတုကတော့ အနည်းငယ်အေးမြမြရှိနေဆဲပါပင်။
“ကိုငယ်၊ ဘာဖြစ်လို့လဲ၊ မပြေးနိုင်တော့ဘူးလား”
ဂျိုးဇက်၏ မေးလိုက်သောအသံ၌ ရယ်သံအနည်းငယ်စွက်နေပြီး သူ၏မျက်နှာထက်၌လည်း အပြုံး ခပ်ရေးရေးပေါ်နေ၏။ သူဟာ ထိုသို့မေးလိုက်ရင်းဖြင့် သူ၏နောက်ဘက် ခပ်လှမ်းလှမ်းတွင် ခါးကိုင်းကျနေပြီး ဟောဟဲစိုက်ကာ အမောဖြေနေပါသော သူ၏ခင်ပွန်းသေးသေးလေးထံသို့ ခြေလှမ်းကျဲတို့ဖြင့် လမ်းလျှောက်သွားလိုက်သည်။
၂၆နှစ်အရွယ် အယ်လ်ဖာအမျိုးသားဟာ သူ့ထက် ၆နှစ်ကျော်ကြီးသော အိုမီဂါအမျိုးသားအား စိတ်တွင်းမှ လွန်စွာ အသည်းယားနေပါတော့၏။
YOU ARE READING
'The Moon Pulls The Tide' (Season 2 of IBYLM)
Romansဤဇာတ်လမ်းသည် 'I Bet You Love Me' ၏ Season 2 or Side story ဖြစ်သည့်အတွက် Season 1 ကို မဖြစ်မနေဖတ်ရှုဖို့ လိုအပ်ပါသည်။ [Zawgyi] ဤဇာတ်လမ်းသည် 'I Bet You Love Me' ၏ Season 2 or Side story ဖြစ်သည့်အတွက် Season 1 ကို မဖြစ်မနေဖတ်ရှုဖို့ လိုအပ်ပါသည်။