ဂျိုးဇက်ဟာ သျှန်ယုအား အနီးစပ်ဆုံးဆေးရုံဆီသို့ ခေါ်သွားခြင်းဖြစ်၏။ စားသောက်ဆိုင်အတွင်း ဖြစ်ပျက်ခဲ့သမျှ မည်သည့်သတင်းမှ တက်မလာစေရန် သက်တော်စောင့်ခေါင်းဆောင်ကို ကြည့်ရှင်းခိုင်းလိုက်သည်မို့ ခေါင်းဆောင်က ထိုကိစ္စကိုကိုင်တွယ်နိုင်သော သက်တော်စောင့်နှစ်ယောက်အား ချန်ထားခဲ့လိုက်သည်။
သူတို့ရောက်သွားကြသည့် ဆေးရုံမှာတော့ တော်ဝင်မိသားစု၏ လက်အောက်မှပင် ဖြစ်၏။ သို့ဖြစ်ရာ မရောက်ခင်ကတည်းက လမ်းကြိုရှင်းခိုင်းခဲ့ပြီး သီးသန့်လူနာခန်းထဲသို့လည်း အိုမီဂါအထူးကုဆရာဝန်တစ်ယောက်နှင့် သူနာပြုတစ်ယောက်ကိုသာ ဝင်ခိုင်းခဲ့သည်။
ကနဦး သျှန်ယု၏ အနီးကပ်သက်တော်စောင့်များဟာ သူတို့သခင်လေး Heat ဝင်နေသည်ဟုထင်ပြီး ထိန်းချုပ်ဆေးထိုးပေးဖို့ လုပ်ခဲ့ကြသေး၏။ သို့ပေသည့် ဂျိုးဇက်က တားမြစ်ခဲ့ပြီး အကြောင်းမှာတော့ သူဟာ ချစ်သူ၏ Pheromone များ လွန်ကဲစွာယိုစိမ့်နေသည့်ပုံစံက ပုံမှန်မဟုတ်ဟူ၍ ခံစားခဲ့မိသောကြောင့်ပါပေ။
ဆေးရုံတွင် တစ်နာရီခန့်ကြာပြီးနောက်...
"Pheromone တွေက ဘာလို့ ခုထိမရပ်သေးတာလဲ၊ နာရီဝက်၊ တစ်နာရီအတွင်းသက်သာမယ်လို့ ခင်ဗျားပြောခဲ့တာ မဟုတ်ဘူးလား"
ချစ်သူ၏ Gland မှ Pheromone များဟာ ယခုချိန်ထိတိုင် အဆက်မပြတ် ယိုစိမ့်နေဆဲဖြစ်သည်မို့ ဂျိုးဇက်က ဆရာဝန်အား မေးလိုက်ခြင်း။
ဆရာဝန်သည် သျှန်ယု၏ ခန္ဓာကိုယ်ကို စစ်ဆေးကြည့်ခဲ့ပြီးနောက် ကိုယ်ခံအားနည်းမှုကြောင့် Gland ၏ Pheromone များကို ထိန်းချုပ်နိုင်သောစနစ်သည်လည်း အားနည်းပြီး Pheromone များ ယိုစိမ့်ထွက်လာသည်ဟု ယူဆခဲ့သည်။ ထို့ကြောင့် Pheromone Gland ၏ ထိန်းချုပ်စနစ်အတွက် အားဆေးထိုးပေးခဲ့ပါ၏။
ပုံမှန်အားဖြင့် အိုမီဂါများ ထိုသို့ဖြစ်လျှင် အားဆေးထိုးပြီးသည်နှင့် မိနစ်ပိုင်းအတွင်း သက်သာသွားခဲ့ကြသည်သာ။
သို့ပေသည့် ယခု တတိယသခင်လေးကတော့ တစ်နာရီခန့်ကြာသည့်တိုင် မသက်သာသေးဘဲ Pheromone များ ဆက်လက်စိမ့်ထွက်နေဆဲဖြစ်ပြီး ထိုကဲ့သို့ဆက်ဖြစ်နေပါက Gland ကိုရော၊ Gland နှင့်ဆက်စပ်နေသည့် အခြားကိုယ်တွင်းအင်္ဂါအစိတ်အပိုင်းများကိုပါ ထိခိုက်စေလိမ့်မည် ဖြစ်သည်။
YOU ARE READING
'The Moon Pulls The Tide' (Season 2 of IBYLM)
Romanceဤဇာတ်လမ်းသည် 'I Bet You Love Me' ၏ Season 2 or Side story ဖြစ်သည့်အတွက် Season 1 ကို မဖြစ်မနေဖတ်ရှုဖို့ လိုအပ်ပါသည်။ [Zawgyi] ဤဇာတ်လမ်းသည် 'I Bet You Love Me' ၏ Season 2 or Side story ဖြစ်သည့်အတွက် Season 1 ကို မဖြစ်မနေဖတ်ရှုဖို့ လိုအပ်ပါသည်။