Part_2

907 25 0
                                    

အနောင်ချစ်ရသောတောကမောင်လူဆိုး...အပိုင်း(၂ )
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

*/...သား..အစစအရာရာဂရုစိုက်ပါသားရယ်.../*

ဒေါ်ချိုသွေးသားဖြစ်သူကိုကြည့်ပြီးငို၍ပြောလေသည်

သားငယ်ငယ်ထဲကခုထိမခွဲဖူးတာ​ကြောင့်ရော..ပြီးတော့သား
ဖြစ်သူကယောကျ်ားလေး
သာပြောတာထိရက်စရာမရှိအောင်နုနုဖက်ဖက်လေး..
အဲ့ရွာကိုရောက်ရင်သားလေးပင်ပင်ပန်းပန်းနဲ့အနေဆင်းရဲမှာ
စိုးရိမ်ရသည်..သားဖြစ်သူရဲ့ဆန္ဒကြောင့်သာမဟုတ်ရင်
သားလေးကိုသူမသွားစေချင်ဘူး

*/..မေမေကလည်းဗျာ..သွားခါနီးလာခါနီးမေမေကငိုနေတော့သားကဘယ်လိုစိတ်ချပြီးသွားရမှာလည်းမေမေရယ်../*

*/...မေမေကသားနဲလည်းတခါမှမခွဲဖူးလို့ပြီးတော့လည်းသားလေးဟိုရောက်ရင်အဆင်မပြေမှာကိုစိတ်ပူလို့ပါသားရဲ့../*

*/...မပူပါနဲ့မေမေရယ်..သားအဆင်ပြေမှာပါ..သားအသက်လည်းမငယ်တော့ဘူး27နှစ်ရှိနေပြီမေမေ..မေမေ့သားကဟိုးအရင်ကလိုခလေးလေးမဟုတ်တော့ဘူးဗျ.../*

*/...အို..မေမေ့မျက်လုံးထဲမှာတော့..ခုထိသားကခလေးလေးပဲ../*

*/...ဟုတ်ပါပြီမေမေရာ...မေမေကြောင့်မမလည်း၃၀ ကျော်နေတာတောင်အပျိုကြီးဖြစ်နေတာနေမယ်..ဟီး.../*

*/...အနောင်...မမဘာသာဘုရားတရားလုပ်ပြီးမေမေတို့နဲ့တူတူနေချင်လို့အိမ်ထောင်မပြုတာပါ..မင်းလုပ်မှမမကိုမေမေကယောကျ်ားပေးစားနေဦးမယ်.../*

သစ်သီးပန်းကန်ကိုကိုင်ရင် အနောင့်အခန်းထဲကိုဝင်လာတဲ့မမကပြောလေသည်

*/...မေမေကအတင်းမပေးစားပါဘူးသမီးရယ်..သမီးဆန္ဒအတိုင်းပဲ. အကယ်လို့ချစ်ခင်စုံမက်သူတွေ့လို...ထိမ်းမြားချင်လည်းမေမေကိုပြောပေါ့..အိမ်ထောင်ရေးကိုတော့မေမေကသားတို့သမီးတို့ကိုပျော်ရွှင်ရာကိုလွတ်လပ်စွာရွေးချယ်ခွင့်ပေးမှာပါ.../*

*/...ဟုတ်ကဲ့မေမေ .../*

မောင်နှမနှစ်ယောက်လုံးပြိုင်တူပြောမိလိုက်ကြသည်

*/...ကဲ..သားလည်းမနက်သွားရမှာဆိုတော့စောစောနားတော့ သမီးလည်းသွားအိပ်တော့..မေမေလည်းအိပ်တော့မယ်.../*

အနောင်ချစ်ရပါသောတောကမောင်လူဆိုးWhere stories live. Discover now