အနောင်ချစ်ရပါသောတောကမောင်လူဆိုး အပိုင်း(၁၉)
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~"ဟျောင့် မင်းထင် မင်းဘာဖြစ်နေတာလဲ နည်းနည်းပါးပါးလည်းအသက်လေးရှုပြီးသောက်ပါ ရောက်ထဲကခွက်ကိုမချပဲသောက်နေတာ"
"မတားနဲ့ကွာ ငါမူးအောင်သောက်မှရမှာ "
"သောက်ကွာ မူးအောင်သောက် မူးအောင်မှောက် အမှောက်လွန်ပြီးသေသွားတော့လည်းနားအေးတာပေါ့ ကျန်ခဲ့တဲ့ကျောင်းဆရာကိုတော့ စိတ်မပူနဲ့ မင်းအစားငါတာဝန်ယူပေးမယ်.."
"ဟျောင့် မင်းဘာစကားပြောတာလဲ သာကျော်"
မင်းထင်ဒေါသထွက်သွားကာ သာကျော်အက်ျီကိုဆောင့်ဆွဲကာ လက်ရွယ်လိုက်မိသည်..
"ငါကစကားအဖြစ်ပြောတာကွ မင်းကသူငယ်ချင်းအချင်းချင်းတောင် လက်ရွယ်တယ်ပေါ့လေ ငယ်ငယ်ထဲကပေါင်းလာတဲ့သူငယ်ချင်းသံယောဇဥ်မှ မထောက် ခွေးကောင်မင်းထင်.."
"ငါနည်းနည်းမူးနေတော့ စိတ်လွတ်သွားတယ်ကွာ ငါမရည်ရွယ်ပါဘူး တောင်းပန်တယ်ကွာ ငါအခုခံစားနေရတာက ကျောင်းဆရာကြောင့်ပဲ.."
"မင်းမပြောလည်း ငါရိပ်မိပါတယ်ကွ ကဲပြော ကျောင်းဆရာနဲ့ရန်ဖြစ်ထားလို့လား ဘာတွေဖြစ်ကြတာလဲ.."
မင်းထင်လည်းဖြစ်ကြောင်းကုန်စင်ကိုသာကျော်ကိုပြောပြလိုက်သည်...
"ဟ မင်းကျောင်းဆရာကဘာလို့ဒီလိုချက်ချင်းကြီးပြောင်းလဲသွားရတာလဲကွ.."
"ငါလည်းမသိတော့ဘူးကွာ သူ့ကိုစိတ်လည်းမဆိုးရက် ငါမြတ်နိုးပါတယ်ဆိုတဲ့ ငါချစ်ရသူကို ငါလက်နဲ့နာကျင်အောင် ငါကိုယ်တိုင်လုပ်ခဲ့မိတယ်ကွာ အခုဆိုရင်ကျောင်းဆရာက ငါ့ကို ပိုမုန်းနေတော့မှာကွ..သူဘာလို့အဲ့လိုပြောင်းလဲသွားလည်းဆိုတာ ငါလည်းမတွေးတတ်တော့ဘူးကွာ.."
"သြော် ဒါနဲ့ ငါပြောဖို့မေ့နေတာသတိရပြီကွ ဟိုနေ့ကမင်းကို ငါလာခေါ်ဖို့မင်းအိမ်ကိုလာတော့ မင်းတို့အိမ်ရှေ့ကနေ ကျောင်းဆရာပြေးထွက်သွားတာကိုတော့ ငါမြင်လိုက်တယ်ကွ ကျောင်းဆရာပုံကငိုထားတဲ့ပုံပဲ မင်းကိုငါပြောဖို့မေ့နေတာ ကျောင်းဆရာ မင်းအပေါ်ပြောင်းလဲသွားတာ အဲ့ကိစ္စများပက်သက်နေမလားမသိဘူး.."
YOU ARE READING
အနောင်ချစ်ရပါသောတောကမောင်လူဆိုး
عاطفيةကျောင်းဆရာ.. ကျုပ်ခင်ဗျားကို$ရမ်းချစ်တာ..အဲ့တာခင်ဗျားသိလား..ခင်ဗျားကျုပ်အချစ်ကိုလက်မခံရင်..ကျုပ်မဒိမ်းကျင့်ပြီးယူမှာနော်..ကျုပ်ဘဝမှာမလုပ်ရဲတာဘာမှမရှိဘူး... ..မင်းထင်မောင်.. ~~~~~~~~~~~~~~~~~~~~~~ မင်းနဲ့ငါနဲ့ကဘယ်လိုမှမဖြစ်နိုင်ဘူး..ပြီးတော့ငါ့ကမိန်း...