အနောင်ချစ်ရပါသော...တောကမောင်လူဆိုး.. အပိုင်း(၁၃)
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
ဒီနေ့လပြည့်နေ့မှာ ကျင်းပတဲ့ ဘုရားပွဲသို့ ရှိန်းခန့် တစ်ယောက် ရောက်ခဲ့သည် အသိရယ်လို သိပ်မရှိသည် အတွက် ရှိန်းခန့် ရောင်တောင်တောင်နဲ့ ဟိုကြည့်ဒီကြည့်သာလိုက်ကြည့်နေမိသည် ဒီလိုရွာရဲ့ချစ်စရာကောင်းတဲ့ဓလေ့နဲ့ ဘုရာပွဲလေးမှာ အနောင်ကိုရှိစေချင်မိသည် ပြောရင်းတောင် လွမ်းမိသည်...
ရှိန်းခန့် ဟိုကြည့်ဒီကြည့်လိုက်ကြည့်နေရင်း တစ်နေရာကိုမျက်စိကြမိသွားသည် ဘာရယ်မဟုတ် ဆွဲကြိုးလေးတွေကိုရောင်းနေတဲ့ ဆွဲကြိုးဆိုင်လေးဖြစ်သည် စိတ်ဝင်စားတာနဲ့ အဲ့ဆိုင်လေးကိုသွားလိုက်မိသည် ဆွဲကြိုးလေးတွေကို လိုက်ကြည့်ရင်း တစ်ခုသောဆွဲကြိုးလေးကို ရှိန်းခန့်သဘောကျမိသွားသည် ထိုဆွဲကြိုးလေးကိုလှမ်းယူလိုက်သည်
ရှိန်းခန့်လှမ်းယူလိုက်စဥ်မှာပဲ ဆွဲကြိုးကိုကိုင်မိလိုက်ပေမဲ့ မထင်မက်ထားတဲ့ လက်တစ်စုံရဲ့ဆုပ်ကိုင်ခြင်းကို ရှိန်းခန့်ခံလိုက်ရသည်
မိမိလက်ကိုလာရောက်ဆုပ်ကိုင်သေးလက်ပိုင်ရှင်ကိုကြည့်မိလိုက်စဥ် ထိုလူကလည်းရှိန်ခန့်ကို ကြည့်ချိန်နှင့်တူညီကာ အကြည့်ချင်းဆုံမိသွားသည်...ထိုစဥ်နှစ်ယောက်သားပြိုင်တူ လက်ကိုဖယ်ရှားလိုက်ကြသည်...*/...ဘာလို့ငါလက်ကိုကိုင်တာလဲ သာကျော်.../*
*/...ဘာပြောတယ်..ကျုပ်ကခင်ဗျားလက်ကိုဘာကိစ္စကိုင်ရမှာလဲ../*
သာကျော်အတွက် ဒီနေ့ကပြသဒါးနေပဲဖြစ်သည် မတွေ့ချင်တဲ့သူနဲ့လာတိုးတဲ့အပြင် ဆွဲကြိုးလှမ်းယူရင် အမှတ်မထင်ရှိန်းခန့် ဆိုတဲ့ ထိုကျောင်းဆရာမကျဘာမကျအကောင်ရဲ့လက်ကိုကိုင်မိသွားသည် မတော်တဆကိုင်မိသွားတာကို ကိုယ်ကိုကိုယ်အထင်ကြီးနေတဲ့ထိုလူက သူ့လက်ကိုပဲ သာကျော် ကအတင်းကိုင်သလိုလိုနဲ့.....
*/..မင်းအခုလေးတင်ကိုင်လိုက်တာလေ .../*
*/...မတော်တဆကိုင်မိသွားတာဗျ ခင်ဗျားလက်ကိုကိုင်တာမဟုတ်ဘူးဆွဲကြိုးကိုလှမ်းယူတာ.../*

YOU ARE READING
အနောင်ချစ်ရပါသောတောကမောင်လူဆိုး
Romanceကျောင်းဆရာ.. ကျုပ်ခင်ဗျားကို$ရမ်းချစ်တာ..အဲ့တာခင်ဗျားသိလား..ခင်ဗျားကျုပ်အချစ်ကိုလက်မခံရင်..ကျုပ်မဒိမ်းကျင့်ပြီးယူမှာနော်..ကျုပ်ဘဝမှာမလုပ်ရဲတာဘာမှမရှိဘူး... ..မင်းထင်မောင်.. ~~~~~~~~~~~~~~~~~~~~~~ မင်းနဲ့ငါနဲ့ကဘယ်လိုမှမဖြစ်နိုင်ဘူး..ပြီးတော့ငါ့ကမိန်း...