အနောင်ချစ်ရပါသောတောကမောင်လူဆိုး..အပိုင်း(၄)
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~ဒီနေ့ဆို..အနောင်..ပန်းမြိုင်ရွာကိုရောက်တာ...တစ်ပါတ်မြောက်တဲ့နေ့ဖြစ်သည်..
ဒီရွာမှာမူလတန်းထိသာရှိပြီး..ကလေးတွေကိုစာသင်ပေးတဲ့သူဆိုလို့..အနောင်အပါအဝင်နှစ်ယောက်သာရှိသည်...သို့သော်ပန်းမြိုင်ရွာမှ..ဆရာတော်ဘုရားကလည်း..အချို့အတန်းကြီးများကိုစာကူပြပေးသည်...
*/...ဒကာလေး..ဦးဇင်းတို့ရွာက ကလေးတွေကိုစာသင်ပေးရတာ..အဆင်ပြေရဲ့လား../*
*/..တင်ပါဘုရား..ကလေးတွေက တော်ကြပါတယ်ဘုရား../*
*-...အေးကွယ်...တစ်ခုခုလိုအပ်တာရှိရင်..ဦးဇင်းကိုလျောက်တင်..ဒကာလေး..အားမနာနဲ့ကွဲ့..ဟုတ်ပြီလား.../*
*/..တင်ပါ့ဘုရား.../*
*/..ဒါဆို..ဦးဇင်းကျောင်းပြန်ကြွလိုက်ဦးမယ် ဒကာလေး.../*
_________________________________
*/...ဟေ့ကျောင်းဆရာ...ခင်ဗျားလက်ထဲကစာအုပ်နဲ့..ထမင်းချိုင့်ကိုကျုပ်ကိုပေး...ကျုပ် ကူသယ်ပေးမယ်.../*
*/..နေပါစေ..ငါသယ်နိုင်ပါတယ်../*
ဟိုးးးနေ့ကအိမ်မှာတွေ့ပြီးထဲက...သူကိုနေ့တိုင်း ကျောင်းပြန်တိုင်းလိုက်နှောင့်ယှက်နေသော...သူကြီးရဲ့သားကို..သူတကယ်ကြည့်မရပေ..ဒီရွာကိုစရောက်ထဲက..သူ့အကြောင်းအနောင် ကြားသမျှကောင်းသတင်းတစ်ခုမှမရှိပေ...ခုလိုအနောင့်လိုယောကျ်ားလေးတစ်ယောက်ကိုလိုက်ကပ်နေတာ..အနောင်စိတ်အနှောင့်အယှက်တကယ်ဖြစ်ရသည်
*/..ကျစ်..ခင်ဗျားခေါင်းမမာနဲ့..ကျုပ်သယ်ပေးပါ့မယ်ဆို.../*
*/..ဒီလောက်လေးကိုငါလည်းသယ်နိုင်တယ်...မင်းအကူအညီမလိုဘူး../*
*/...ခင်ဗျားလေးကတော်တော်ခေါင်းမာတာပဲ..ကျုပ်...အဲ့တာတွေမသယ်ရရင် ခင်ဗျားကို ဦးကြီးကျော်စိန်အိမ်ထိ ကျုပ်ချီပြီးသယ်သွားမှာနော်..../*
*/..ဒီလောက်သယ်ချင်နေလည်းရော့ သယ်ကွာ../*
အနောင့်အရှေ့ကိုသာခပ်သွက်သွက်လျောက်သွားလိုက်သည်..
*/...ဟား...ဘယ်လိုလေးလည်းမသိဘူးကွာ..အသဲယားစရာလေး../*
မင်းထင် ကိုယ့်ကိုကိုယ်အံ့သြမိသည် ဘယ်တုန်းကမှယောကျ်ားသားတစ်ယောက်ကိုချစ်မိသွားလိမ့်မယ်လို့စိတ်ကူးတောင်မယဥ်ဖူးပေ ရွာကနှင်းယုတို့ ပျိုပျိုခင်တို့ဆိုတာ ရွာမှာတင်မဟုတ်...အခြားရွာထိပါနာမည်ကြီးသောပန်းမြိုင်ရွာရဲ့ကွမ်းတောင်ကိုင်..ပန်းတောင်ကိုင်းလေးတွေဖြစ်သည်
...တနည်းအားဖြင့်မင်းထင်နဲ့ဘာလိုလိုညာလိုလိုသတင်းထွက်ဖူးတဲ့သူတွေလည်းဖြစ်သည်...နှစ်ယောက်လုံးမှမင်းထင်ကို..သဘောကျတဲ့နေထားမှာရှိနေသော်လည်း မင်းထင်ရှေ့ဆက်မတိုး ဒီတိုင်းလှလို့သဘောကျတာကလွဲရင်..နှစ်ယောက်စလုံးကို..မင်းထင်ရင်မခုန်ဘူး..ဒီကျောင်းဆရာနဲ့ကျမှသတိလက်လွှတ်ငေးပြီးထိန်းမချုပ်နိုင်အောင်နှလုံးသားကခုန်မိသွားသည်...
![](https://img.wattpad.com/cover/360002716-288-k700888.jpg)
YOU ARE READING
အနောင်ချစ်ရပါသောတောကမောင်လူဆိုး
Romanceကျောင်းဆရာ.. ကျုပ်ခင်ဗျားကို$ရမ်းချစ်တာ..အဲ့တာခင်ဗျားသိလား..ခင်ဗျားကျုပ်အချစ်ကိုလက်မခံရင်..ကျုပ်မဒိမ်းကျင့်ပြီးယူမှာနော်..ကျုပ်ဘဝမှာမလုပ်ရဲတာဘာမှမရှိဘူး... ..မင်းထင်မောင်.. ~~~~~~~~~~~~~~~~~~~~~~ မင်းနဲ့ငါနဲ့ကဘယ်လိုမှမဖြစ်နိုင်ဘူး..ပြီးတော့ငါ့ကမိန်း...